Credit – Cele Zone
ချစ်လှစွာသောပရိတ်သတ်ကြီးရေ မော်ဒယ်လ် ခင်လွှမ်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာစိုက် ထူထားနိုင်တာဖြစ်ပြီး အောင်မြင် မှုတွေလည်းတစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်ပါ။ ကောက်ကြောင်းလှပြီး တောင့်တင်းတဲ့ ကိုယ်ခန္ဓာနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ခင်လွှမ်းတစ်ယောက် အိမ်ထောင်ကျပြီးသည့်အချိန်အထိ ပုရိသပရိသတ်တွေရဲ့ အားပေးအချစ်ပိုမှုကို ရရှိနေဆဲဖြစ်ပါတယ်..။
ခင်ပွန်းသည် စည်ဖြိုးကလည်း ဇနီးသည်အပေါ် သဘောထားကြီးပြီး နားလည်ဂရုစိုက်သူဖြစ်လို့ ခင်လွှမ်းရဲ့ ဘဝလေးက ပြီးပြည့်စုံပြီး အေးချမ်းပါတယ်။ ဒါ့အပြင် ယောက္ခမဖြစ်သူကလည်း သမီးအရင်းလေးလို ဂရုစိုက်ပြီး သည်းသည်းလှုပ်အချစ်ပိုတာဖြစ်လို့ ခင်လွှမ်းကို မိန်းကလေးတိုင်း အားကျနေရ တာလည်းဖြစ်ပါ တယ်..။
ခုဆိုရင် ချစ်စရာ သမီးလေးပါသူတို့ဘဝထဲကိုရောက်ရှိလာပီဖြစ်လို့ ပိုလို့တောင် ပျော်ရွှင်နေကြတာပါ။ သမီးလေးရဲ့ နာမည်လေးကိုလည်း ကိန္ဒရီရွှေရည်လို့ အမည် ပေးထားတယ်လို့လည်း သိရပါတယ်။ အခုလည်း ခင်လွှမ်းက သမီးလေးကို ပွေ့ချီကာ လက်ကမချနိုင်အောင် အသည်းတွေယားနေတဲ့ ပုံရိပ်လေးတွေကိုေ ဖာ်ပြထားရာ သားအမိနှစ်ယောက်လုံး ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာ
ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Photo – Khin Hlwan