ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော နက္ခတ်ကတော့ ဒီနေ့မှာ သူ့ရဲ့ချစ်သူလေးဟာ သူရဲ့ ဇနီးမယားဖြစ်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ နက္ခတ်ကတော့ သူ့ရဲ့ချစ်သူနဲ့ လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက လူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းကာ မင်္ဂလာဆွမ်းကျွေး လက်မှတ်ရေးထိုးပွဲလေးပြုလုပ်ခဲ့တာပါတဲ့…။

ကျနော်နဲ့ ကျနော့ ဇနီး လေး ရဲ့ချစ် သက်တမ်း လေး နှစ် ေ က်ာ္လက္တြဲခဲ့ပီး အျကာမှာပရိတ္သတ္ကို အခုလို အသိပေးတာ ပါဗျာဒီလို အချိန် ကာလမှာပုံေ တွ တင်ရတဲ့ အတွက်လဲ အားလုံးကို အားနာ ပါ တယ်မကြာခင် မှာမွေးဖွားလာတော့မည့်ကျွန်တော့်တို့ နှစ်ယောက်ရဲ့ ရင်သွေးလေး အတွက် ဒီပုံလေး တွေကိုတင်ရခြင်းဖြစ်ပါတယ် ခင်ဗျာကျနော်တို့နှစ်ယောက်ရဲ့ အကြောင်းလေးကိုနည်းနည်းပြောပြမယ်ေ န်ာလွန်ခဲ့တဲ့ လေးနှစ် က ကျနော်နဲ့ကျနော့ချသူ လေး အကြောင်းပေါ့ ကျနော် သူမ နဲ့ ချစ်သူဖြစ်ပီး သိပ်မကြာခင်မှာသူမ ကို စက္ကန့် ပိုင်းလေး တောင် မခွဲနိုင်ဘူးဆိုတဲ့ အချစ် တစ်ခု နဲ့သူမရဲ့ မိဘ တွေဆီမှာ လူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာ ဆွမ်းကျွေးလက်မှတ် ရေးထိုးခဲ့ပါတယ် ကျနော့ ရဲ့ ဇနီးလေး နဲ့သူမရဲ့ မိဘတွေဟာ ကျနော့်ရဲ့ အနုပညာ အလုပ်ကိုနားလည် ပေးပြီး ကျနော် အနုပညာ လောကမှာ နေရာလေး တစ်နေရာ ရပီး ကိုယ်ဖြစ်ချင်တဲ့ အနေအထား ရောက်မှ မင်္ဂလာ ဧည့်ခံပွဲ လုပ်ဖို့သဘောတူပေးခဲ့ကြပါတယ်သူမ နဲ့ ကျနော် တစ်ယောက်နဲ့ တစ်ယောက် နားလည် ပီး သစ္စာ ရှိရှိနဲ့ နေဖို့ က အဓိက ပဲဆိုပီးကျနော့ အလုပ်တွေ ကို ပိုကြိုးစား ဖြစ်ခဲ့ပါတယ် သူမ ကျနော့ အပေါ် မှာ နားလည်ပေးမှု အနစ်နာခံ ပေးမှုတွေ ကတော့ပြောပြလို့တောင် ကုန်မှာ မဟုတ်ပါဘူး

သူမ ကြောင့် ကျနော့ အလုပ် ထိခိုက်မှာ စိုးလို့သူများတွေကို ဇနီးလို့ မပြောခိုင်းဘဲချစ်သူ လို့ပဲသူမ က ပြောခိုင်းခဲ့တယ် ကျနော်တို့ နှစ်ယောက်ရဲ့မင်္ဂလာ ပွဲလုပ်ဖို့ထက် ကျနော့ ရဲ့ အနုပညာ အလုပ်တွေ အောင်မြင် ဖို့အတွက်ဘဲ အမြဲ တွေးပေးနေတဲ့ သူမကျနော် ဇာတ်လမ်းတွဲ လေးတွေခပ်စိပ်စိပ်ရိုက်လာရပီပရိသတ် ရဲ့ အသိအမှတ်ပြု လေး ရလာတဲ့ အပေါ်မှာသူမ က အမြဲ ပြုံးပျော်နေတက်တယသူမ က ကျနော့ ကို အမြဲပြောတယ်”ကျနော့ ကို ဒီ့ထက် ပိုပြီးကောင်းမွန်တဲ့ အနုပညာဖန်တီးမှု တွေ ထပ်လုပ်ပီး မှမင်္ဂလာ ပွဲစီစဉ်ကြမယ်တဲ့အခုမှ နာမည်လေး နည်းနည်း ရကာစမိန်းမ ယူလိုက်ရင် အလုပ်အတွက် အနှောင့်အယှက် ဖြစ်မှာ စိုးတယ် ဆိုပီး ပြောလာတော့” ကျနော်လဲ လက်ခံလိုက်ပီး ဆက်ပီးကြိုးစားတာပေါ့အိမ်မက်နဲ့ လက်တွေ့ ဆိုတာတစ်ခါတစ်လေ ထပ်တူ ကျချင် မှ ကျတက်တာမျိုးဗျ

ဒီလိုနဲ့ 2019 မှာ ” ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး ရိုက်ခွင့်ရတော့ ဒီဇာတ်လမ်းတွဲ လေး ရိက်ပီးရင် မင်္ဂလာ ပွဲ ကျင်းပမယ်ဆိုပီး သဘောတူခဲ့ကြတယ်2020 ဖေဖော်ဝါရီ လမှာ “ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး တီဗီက ပြပြီးတော့ ၅ လပိုင်းမှာ မင်္ဂလာ ပွဲ လုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုဗစ် ပထမလှိုင်းကြောင့် ဘာပွဲမှ လုပ်ခွင့်မရှိသလိုအနုပညာ အလုပ်တွေလဲ လုံးဝရပ်သွားတယ်ကိုဗစ်တွေ ဖြစ်တော့ Social media ကအလုပ်ပိုဖြစ်လာခဲ့တယ်ကျနော် က TitTok ကတာတွေ Video ဖန်တီးတာတွေ မကျွမ်းကျင်တော့ လပေါင်းများစွာ အလုပ် မရှိဘဲ နားနေ ခဲ့ရတယ်တစ်ရက်မှာတော့ Online live sale တွေကလဲ ခေတ်စားလာပြန်တော့ ငါ ဒီ လောက်တော့မလုပ်တက် လဲ ကြိုးစားကြည်မယ်ဆိုပီး Live saleလေး ၂ခု လုပ်ကြည့်တာ အောင်မလေး ဇာတ်လမ်းတွဲ က ဇာတ်ကောင် တွေ ကို ပုံဖော် ရိုက်ကူးရတာတွေထက် Live sale က ကျနော့အတွက်ပိုခက်ခဲပီး ချွေးတွေတောင်ပြန်ပါတယ်

ကျနော်သေချာသိလိုက်ရတာ တစ်ခုက ကျနော် ဟာသရုပ်ဆောင် အလုပ်ကလွဲ ပီး ကျန်တာတွေနဲ့ မလိုက်ဖက်ဘူးဆိုတာဘဲဒီလိုနဲ့ဘဲ ကိုဗစ် တွေကြောင့် လူ ၃၀ လောက်နဲ့ မင်္ဂလာ ပွဲ ကျင်းပလို့ရတယ်ဆိုတော့ 2021 ဖေဖော်ဝါရီ လထဲမှာ သူမ မွေးနေ့ ရှိတော့ အဲ့လထဲက တစ်ရက်ရက်မှာ ပွဲစီစဉ်ကြမယ်ဆိုပီး စိတ်ကူးခဲ့တဲ့ စိတ်ကူးကလဲ အကြောင်း ကြောင့်ဖြစ်မလာခဲ့ရပြန်ပါဘူး2021 မှာ ကျနော့ ဘဝ အတွက် အဆိုးဆုံး အရာကတော့မတ် လ လောက်မှာ ကျနော့ အဖေ ဆေးရုံ တင်ရပီးရက်အနည်းငယ်အကြာမှာ ကင်ဆာ နောက်ဆုံး အဆင့်နဲ့ကျနော်တို့ကို ဘယ်နေ့ ခွဲသွားတော့ မလဲဆိုတဲ့အဖြစ်ဆိုးကြီး တစ်ခုပါဘဲကျနော် က အဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့နယ်ဘက်ကို ရောက်နေတော့ ၄ လပိုင်း ကုန်ခါနီး လောက်မှ အဖေ့ ကို ဆေးရုံမှာ သေချာ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ်၅ လပိုင်း ၁၃ ရက်နေ့မှာတော့ ကျနော့ ရဲ့ အဖေ ကို ဆုံးရှုံးခဲ့ရတယ်အဓိ ကပြောချင်တာကတော့ကျနော့ မှာ အများ မျက်စိဆံပင်မွှေး စူး လောက်တဲ့ အထိ ကြီးကျယ် မြင့်မြတ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ချမ်းသာမှုှုတွေ လဲ မရှိပါဘူ

းကြိုးစားနေ တဲ့လူ တွေ ထဲ က လူ တစ်ယောက်ပါဘဲ ကျနော့ပုံတွေအောက်မှ ဆဲဆိုနေတဲ့ သူတွေကိုလဲအမြဲမေတ္တာပို့ပေးပါတယ်ခင်ဗျာဒီအချိန်မှာ အားလုံးအတွက် သူရဲကောင်း မဖြစ်ချင်နေပါကျနော့ရဲ့ ကိုယ် ပိုင် ဘဝလေးမှာ ကျန်နေသေးတဲ့အမေရယ် ကျနော့ ဇနီး နဲ့ ကျနော အမနဲ့ ညီမ အတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူ ဖြစ်ဖို့အတွက် ကျနော် ကြိုးစားနေ ဆဲ ပါအခု ဒီ ပုံ လေးတွေဟာ သူမ ဟာ ကျနော့ရဲ့ ချစ်သူ မဟုတ်ဘဲသူ မ ဟာ ကျနော့ ရဲ့ဇနီး ဖြစ် ကြောင်း အသိပေးတဲ့ ပုံလေး တွေ ပါ ခင်ဗျာမင်္ဂလာ ဧည့်ခံပွဲကျင်းပမည့်အချိန်ကျရင် လဲ အားလုံးကို ထပ်မံအသိေ ပး ပါ မ ယ် ခင် ဗျာ

💜နက္ခတ်+ ကလျာမိုး💜

Credit