ပရိသတ္ႀကီးေရ ျမန္မာဂုဏ္ေဆာင္ အားကစားမယ္ေလး တစ္ေယာက္ျဖစ္တဲ့ သက္ထားသူဇာ ကေတာ့ နိုင္ငံတကာမွာ ျမန္မာကိုယ္စားျပဳအေနနဲ႔ ၾကက္ေတာင္ၿပိဳင္ပြဲေတြကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုတံဆိပ္ေတြလည္း မ်ားစြာရရွိထားတဲ့သူတစ္ေယာက္ပါ။လတ္တေလာမွာလည္း ျမန္မာဂုဏ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဂုဏ္ယူနိုင္စရာသတင္းေလးတစ္ခုကို ထပ္မံေဆာင္ရြက္နိုင္ခဲ့ျပန္ပါတယ္…။

အဲ့တာကေတာ့ တိုက်ိဳ (၂၀၂၀)အိုလံပစ္ ၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္နိုင္ဖို႔ ဝင္ခြင့္ရရွိခဲ့တာပဲျဖစ္ပါတယ္။ အိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိဖို႔ဆိုတာ တကယ္ကို မလြယ္ကူတဲ့ ကိစၥတစ္ခုျဖစ္ၿပီး သက္ထား ကိုယ္တိုင္ကလည္း ဒီလိုဝင္ခြင့္ရရွိဖို႔ကို ႏွစ္နဲ႔ခ်ီကာေမၽွာ္လင့္ႀကိဳးစားခဲ့ရတဲ့ အိပ္မက္တစ္ခုပါတဲ့။ အခုလို အိမ္မက္ေလးက တကယ္ျဖစ္လာခဲ့တဲ့ အတြက္ သက္ထား ကိုယ္တိုင္ကလည္း ေပ်ာ္ရႊင္ေနခဲ့ၿပီး ျမန္မာကိုယ္စားျပဳတစ္ေယာက္အေနနဲ႔ အေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္သြားမွာပါလို႔လည္း ဆိုထား ပါေသးတယ္…။

အားလုံးခက္ခဲၿပီး စိတ္ေတြညစ္ညဴးေနတဲ့ ဒီအခ်ိန္မွာ ခဏေလးျဖစ္ျဖစ္ျပဳံးေပ်ာ္နိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး သူ႔ရဲ့ေအာင္ျမင္မႈဟာ ျမန္မာျပည္သူျပည္သားေတြအားလုံးရဲ့ ေအာင္ျမင္မႈေတြပါပဲတဲ့။ ပရိသတ္ႀကီးေရ အိုလံပစ္ၿပိဳင္ပြဲမွာ ျမန္မာကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တဲ့ သက္ထားသူဇာ အတြက္ ဂုဏ္ျပဳစကားေလးေတြေျပာေပးခဲ့ၾကပါဦးေနာ္…။

Credit ; CeleZone
Source – THET HTAR Thuzar

ပရိသတ်ကြီးရေ မြန်မာဂုဏ်ဆောင် အားကစားမယ်လေး တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာ ကတော့ နိုင်ငံတကာမှာ မြန်မာကိုယ်စားပြုအနေနဲ့ ကြက်တောင်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားတဲ့သူတစ်ယောက်ပါ။လတ်တလောမှာလည်း မြန်မာဂုဏ်ဆောင် တစ်ယောက်အနေနဲ့ ဂုဏ်ယူနိုင်စရာသတင်းလေးတစ်ခုကို ထပ်မံဆောင်ရွက်နိုင်ခဲ့ပြန်ပါတယ်…။

အဲ့တာကတော့ တိုကျို (၂၀၂၀)အိုလံပစ် ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုဖြစ်ပြီး သက်ထား ကိုယ်တိုင်ကလည်း ဒီလိုဝင်ခွင့်ရရှိဖို့ကို နှစ်နဲ့ချီကာမျှော်လင့်ကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုပါတဲ့။ အခုလို အိမ်မက်လေးက တကယ်ဖြစ်လာခဲ့တဲ့ အတွက် သက်ထား ကိုယ်တိုင်ကလည်း ပျော်ရွှင်နေခဲ့ပြီး မြန်မာကိုယ်စားပြုတစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါလို့လည်း ဆိုထား ပါသေးတယ်…။

အားလုံးခက်ခဲပြီး စိတ်တွေညစ်ညူးနေတဲ့ ဒီအချိန်မှာ ခဏလေးဖြစ်ဖြစ်ပြုံးပျော်နိုင်အောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုဟာ မြန်မာပြည်သူပြည်သားတွေအားလုံးရဲ့ အောင်မြင်မှုတွေပါပဲတဲ့။ ပရိသတ်ကြီးရေ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ သက်ထားသူဇာ အတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်…။

Credit ; CeleZone
Source – THET HTAR Thuzar