


Source : Saung Yoon San’s Fb Acc

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသမီး ဆောင်းယွန်းစံကတော့ သူမရဲ့ဖုန်းကိုခိုးပြီး အခြားလူတွေကို ဗီဒီယိုကောလ်လိုက်ခေါ်နေတဲ့ မသမာသူတွေကြေ ာင့် အခက်တွေ့ခဲ့ရပါတယ်။ ဖုန်းကို ညက အခိုးခံလိုက်ရတာဖြစ်ပြီး အမျိုးသားတစ်ယောက်က ဆောင်းယွန်းစံဟန်ဆောင်ကာ မိန်းကလေးတွေကို ဗီဒီယို ကောလ် နဲ့ ဖုန်းတွေ လိုက်ခေါ်နေတဲ့အကြောင်း သူငယ်ချင်းဖြစ်သူမေချစ်သွေးက ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးသူတွေကလည်း ဆောင်းယွန်းစံ ဖုန်းပျောက်သွားတဲ့အတွက် ဖေ့စ်ဘွတ်မှာ စာတို့ ပို့စ်တို့ တက်လာခဲ့ရင် သူမ မဟုတ်တဲ့အကြောင်း ကိုလည်း သတိပေးပြောပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့ တဲ့မိနစ်ပိုင်းမှာတော့ သရုပ်ဆောင် ဆောင်းယွန်းစံရဲ့ဖေ့စ်ဘွတ် Acc ကနေ ဖုန်းပြန်ရပြီဆိုတဲ့ အကြောင်း ပို့စ်တစ်ခုတက် လာခဲ့ပါ တယ်။ ” ဆောင်း ဖုန်း ပြန်ရပါပီ ..

စိတ်ပူစေခဲ့လို့ အားလုံးကိုတောင်းပန်ပါတယ်.. ” ဟုဆိုပြီး တောင်းပန်စကားနဲ့အတူ ရေးသားလာတာဖြစ်ပြီး ပရိသတ်တွေကလည်း ဝမ်းသာစွာနဲ့ အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ အခုလို အစစအရာရာစိတ်ရောလူရော ပင်ပန်းဆင်းရဲနေကြတဲ့ အချိန်ကာလကြီးမှာ မသမာလူတချို့ကြောင့် ပြည်သူတွေမှာ အခက်အခဲတွေကြားက ပိုပြီး စိတ်ပင်ပန်းနေကြရတာကတော့ အမှန်ပါပဲ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; MMLoad