


Source and Video Credit ; 8 days

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ နိုင်ငံကျော်အဆိုတော် ရေမွန် (ခ) တွတ်ပီ (Idiots Band ) ဇွန် (၂၃) ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက် ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “ လူအဂီတ ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်..။

ရေမွန် ကွယ်လွန်ခဲ့တဲ့အတွက် နိုင်ငံတဝန်း ရေမွန်ရဲ့ ပရိသတ်အမြောက်အများက လူမှုကွန်ရက်စာမျက်နှာမှာ ရေမွန်အတွက် ဝမ်းနည်းကြောင်းဆုတောင်း ပေးခဲ့ကြတာပါ။ ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်ဟာဆိုရင် သားဖြစ်သူဆုံးပါသွားတာကို ခုထက်တိတိုင်လက်မခံနိုင်ပါသေးဘူး။ ဒီတစ်ခါမှာဆိုရင်လည်း ဒေါ်ခင်မြတ်မွန် ကသားဖြစ်သူရေမွန်အပေါ် ဖခင်စောခူဆဲရဲ့ရက်စက်လွန်းတဲ့ စိတ်ဒဏ်ရာတွေအမျိုးမျိုးပေးခဲ့တဲ့အကြောင်းကို ပရိတ်သတ်တွေအား အင်တာဗျူးတစ်ခုကနေ အခုလိုပဲရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်..။

အဲ့ဒါကတော့ ” တွတ်ပီကို တရားဝင်သူ့သားဆိုပြီး ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး။ အင်တာဗျုးတွေ လာတိုင်းလည်းရှောင်ဖယ်ပြီးဖြေတယ်။ မျက်နှာ ပြောင်ပြောင် နဲ့ ကျွန်တော်က သမီးပဲမွေးထားတာ။ သား မမွေးထားဘူးဆိုပြီးရက်ရက်စက်စက် လူမဆန်သူမဆန် ဖြေရဲတဲ့ အဖေပေါ့….” ဟု ဆိုပြီးသားဖြစ်သူ ရေမွန်အပေါ်ရက်ရက်စက်စက်ပြုမူခဲ့ပုံတွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်ခင်မြတ်မွန်ရဲ့အင်တာဗျူးအပြည့်အစုံကို ပရိတ်သတ်ကြီးအားတစ်ဆင့်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။ ရေမွန် (ခေါ်) တွတ်ပီရဲ့ဆိုးရွားလွန်းတဲ့ ဘဝအကြောင်းကိုနားထောင်ရင်းမျက်ရည်ဝဲမိတာတော့အမှန်ပဲ။ နောက်ဘဝများရှိခဲ့ရင် တွတ်ပီတစ်ယောက် မိသားစုစုံစုံလင်လင်နဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms