ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ အဆိုေတာ္ ထူးအယ္လင္း တစ္ေယာက္ကေတာ့ လတ္တေလာမွာ ပရဟိတလုပ္ငန္းေတြကို အားသြန္ခြန္စိုက္ႀကိဳးစားေဆာင္ရြက္ေနတာကို ျမင္ေတြ႕ၾကရမွာပါ။ တစ္ေယာက္တည္းအားနဲ႔တင္မဟုတ္ဘဲ အလႉရွင္မ်ားရဲ့စုေပါင္းလႉဒါန္းမႈေတြနဲ႔ ေနရာအႏွံ့သြားေရာက္ လႉဒါန္းေနတာ ျဖစ္ပါတယ္။ ျပည္သူေတြသာမကဘဲ အႏုပညာရွင္မ်ားကလည္း ထူးအယ္လင္းထံ ဆက္သြယ္လႉဒါန္းေနၾကတာပါ…။

မေန႔ညကလည္း ထူးအယ္လင္း ရဲ့ လူမႈကြန္ယက္တြင္ ဓာတ္ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ သူလုပ္ေဆာင္ေနတဲ့ လူမႈကူညီေရး ေထာက္ပံ့မႈေတြမွာ အဆိုေတာ္ ဖိုးသားကပါ တတ္နိုင္တဲ့ဘက္ကေန ပါဝင္လႉဒါန္းမယ့္အေၾကာင္း ဓာတ္ပုံေလးတင္ကာ ေရး သားထားတာ ျဖစ္ပါတယ္…။

အဆိုေတာ္ ဖိုးသား ဟာ ႐ုပ္ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ ခ်စ္စနိုးဦး ရဲ့ ခင္ပြန္းျဖစ္ၿပီး ေတးစီးရီး album တစ္ခ်ိဳ႕လည္း ထြက္ရွိဖူးသူ တစ္ဦး ျဖစ္ပါတယ္။ ထူးအယ္လင္း ကလည္း ” လူမႈကူညီ၊ေထာက္ပံ့ေရးေတြမွာ ကူညီလႉေပးမယ္ၾကားသိရတာ ဝမ္းသာတယ္ဗ်ာ ,, ေက်းဇူးပါညီေလးဖိုးသား 🤘🤘🤘ကိုယ့္႐ုပ္ ၾကမ္းတာ ပိုေပၚလြင္သြားတယ္ 😁” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္…။

ပရိသတ္ေတြကလည္း ဂီတေလာကသားအခ်င္းခ်င္း စည္းလုံးညီညြတ္စြာျဖင့္ လူမႈကူညီေရးလုပ္ငန္းေတြမွာ အားျဖည့္လုပ္ေဆာင္ေနၾကတာကို ျမင္ေတြ႕ရတဲ့အတြက္ ဝမ္းသာပီတိ ျဖစ္ေနၾကတာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာရွိတဲ့ ေနရာအႏွံ့အျပားမွာ စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူမ်ားစြာ ရွိပါတယ္။ ဒါ့ေၾကာင့္ ျပည္သူေတြ အခ်င္းခ်င္း လိုအပ္တဲ့ေနရာတိုင္းကို ကူညီလႉဒါန္းေပးၾကျခင္းျဖင့္ ကူညီေပးၾကဖို႔ ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္…။

Source and Photo Crd-Htoo El Lynn’s and Chit Snow Oo’s Facebook Account

crd : MM Load

ချစ်လှစွာသော ပရိသတ်ကြီးရေ အဆိုတော် ထူးအယ်လင်း တစ်ယောက်ကတော့ လတ်တလောမှာ ပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေတာကို မြင်တွေ့ကြရမှာပါ။ တစ်ယောက်တည်းအားနဲ့တင်မဟုတ်ဘဲ အလှူရှင်များရဲ့စုပေါင်းလှူဒါန်းမှုတွေနဲ့ နေရာအနှံ့သွားရောက် လှူဒါန်းနေတာ ဖြစ်ပါတယ်။ ပြည်သူတွေသာမကဘဲ အနုပညာရှင်များကလည်း ထူးအယ်လင်းထံ ဆက်သွယ်လှူဒါန်းနေကြတာပါ…။

မနေ့ညကလည်း ထူးအယ်လင်း ရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူလုပ်ဆောင်နေတဲ့ လူမှုကူညီရေး ထောက်ပံ့မှုတွေမှာ အဆိုတော် ဖိုးသားကပါ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှူဒါန်းမယ့်အကြောင်း ဓာတ်ပုံလေးတင်ကာ ရေး သားထားတာ ဖြစ်ပါတယ်…။

အဆိုတော် ဖိုးသား ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ချစ်စနိုးဦး ရဲ့ ခင်ပွန်းဖြစ်ပြီး တေးစီးရီး album တစ်ချို့လည်း ထွက်ရှိဖူးသူ တစ်ဦး ဖြစ်ပါတယ်။ ထူးအယ်လင်း ကလည်း ” လူမှုကူညီ၊ထောက်ပံ့ရေးတွေမှာ ကူညီလှူပေးမယ်ကြားသိရတာ ဝမ်းသာတယ်ဗျာ ,, ကျေးဇူးပါညီလေးဖိုးသား 🤘🤘🤘ကိုယ့်ရုပ် ကြမ်းတာ ပိုပေါ်လွင်သွားတယ် 😁” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်…။

ပရိသတ်တွေကလည်း ဂီတလောကသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လူမှုကူညီရေးလုပ်ငန်းတွေမှာ အားဖြည့်လုပ်ဆောင်နေကြတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နေရာအနှံ့အပြားမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများစွာ ရှိပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ အချင်းချင်း လိုအပ်တဲ့နေရာတိုင်းကို ကူညီလှူဒါန်းပေးကြခြင်းဖြင့် ကူညီပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်…။

Source and Photo Crd-Htoo El Lynn’s and Chit Snow Oo’s Facebook Account

crd : MM Load