


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မနာလိုဖြစ်နေတဲ့ကောင်မလေးငယ်တွေကိုပြန်လည် ချေပပြောဆိုလိုက်တဲ့သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ချောမော လှပတဲ့ရုပ်ရည် ၊ အမိုက်စားခန္ဓာကိုယ်နဲ့ ပီပြင်ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်..။

အမိုက်စားဟန်ပန်တွေနဲ့ သင်ဇာဝင့်ကျော် ကအလှူအတန်းမှာလဲရက်ရောသလို ပရဟိတလုပ်ငန်းတွေကိုလဲတတ်နိုင်သလောက်ပါဝင်ကူညီလှူဒါန်းပေးနေပါတယ်။ သင်ဇာဝင့်ကျော်ကလူထုလှုပ်ရှားမှုတွေမှာလဲ ပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ပြီး လမ်းပေါ်ထွက်ကာတော်လှန်ရေးကြီးမှာ အားတက်တရောပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးကြီးထဲမှာသူမပြောတဲ့ စကားတွေကတော့ပရိတ်သတ်တွေရဲ့ရင်ထဲကို ထိစေခဲ့တာတော့အမှန်ပါပဲ ၊ သင်ဇာဝင့်ကျော်ကသူမကိုတိုက်ခိုက်နေတဲ့ လူတစ်ချို့ကိုမကြာခဏဆိုသလို အမိုက်စားစကားလုံးတွေနဲ့ပြန်လည်ချေပတတ်ပါသေးတယ်..။

ယခုတစ်ခါမှာလဲ သူမကိုမနာလိုဖြစ်နေတဲ့ကောင်မလေးတွေကို အခုလိုပြန်လည်ချေပပြောဆိုထားပါတယ်။ သင်ဇာဝင့်ကျော်က ” မနာလိုမဖြစ်ကြပါနဲ့နော် ဒီအ သက် (၃ဝ) ကျော်အဖွားအိုကိုကောင်မလေးငယ်ငယ်ချောချောလေးတွေက မနာလိုလာဖြစ်တာတွေ့ရတော့ ကွကိုယ်တောင်ဘဝင်မြင့်ချင်သွားတယ် ဟဟတယောက်ထဲထိုင်ခွီမိနေပြီ ” ဟုဆိုပြီးတော့ရီစရာလေးပါရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ အခုလိုဖတ်ရှုပေးတဲ့ပရိတ်သတ် တစ်ဦးချင်းစီလဲကျန်မာချမ်း သာကြပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်
ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit