


Source and Photo Crd-Ma Htet’s Instagram Account and Original Uploader

ချစ်လှစွာသောပရိတ်သတ်ကြီးရေ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ပြီး အသက်ရှုပါ ကြပ်လာတဲ့အထိ စိတ်မကောင်း ဖြစ်နေရကြောင်း ရင်ဖွင့်လာတဲ့ မထက်ဟာလက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေး မငြိမ်မသက်ဖြစ်နေမှုများသာမကဘဲ ကိုဗစ်ရော ဂါကူးစက်ပြန့်ပွားနှုန်းတွေကအတော်လေး မြန်ဆန်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း နေ့စဉ်နဲ့အမျှ စိတ်မချမ်းသာစရာအခြေအနေများကို ရင်ဆိုင်နေကြရတာပါ။ စိတ်ဓာတ်တွေအောက်ဆုံးထိ ကျနေကြပေမယ့်လည်းပြည်သူအချင်းချင်း အားတင်းပြီး ရိုင်းပင်းကူညီနေကြတာကိုလည်း အားတက်ဖွယ်ကောင်းေ လာက်အောင် မြင်တွေ့ကြရမှာပါ..။

ပုဒ်မ ၅၀၅ (က) ထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေကြရတဲ့ အနုပညာရှင်များကလည်း ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို မြင်ပြီးသူတို့ဘာမှ ကူညီခွင့်မရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်းမိတ်ကပ်ဖန်တီးပညာရှင်မထက်ရဲ့ Instagram story တွင် လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ပြီးအ သက်ရှုပါ ကြပ်လာတဲ့အထိစိတ်မချမ်းသာ ဖြစ်နေရကြောင်းကို ရင်ဖွင့်ရေးသား ပြောပြလာတာ ဖြစ်ပါတယ်..။

သူမကလည်း ” Facebook ပြန်စသုံးတာ နိုင်ငံရေး ၊ လူမှုရေး ၊ ကိုဗစ်ရေးတွေနဲ့ အသက်ရှုပါ ကြပ်လာသလိုပဲ ” ဟုဆိုပြီးသူမရဲ့ ဓာတ်ပုံနှင့်တကွ ဝေမျှ ထားတာ ဖြစ်ပါတယ်။ ဒီကာလကြီးဟာ ဘယ်သူမဆို စိတ်ညစ်စရာအခြေအနေများနဲ့ရင်ဆိုင်နေကြရမှာ အသေအချာပါပဲ။ တစ်နေကုန် စိတ်ညစ်ညူးစရာတွေကို တွေးတောမနေဘဲ စိတ်အပန်းဖြေလို့ရမယ့် အရာတစ်ခုခုကိုလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းပြီးကပ်ကြီးသုံးပါးမှ ကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေး လိုက် ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်
နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit