


Credit ; CeleZone

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဦးမန်းဝင်း အတွက် ရည်စူးပြီး သူ့ရဲ့ကျန်ရစ်သူမိသားစုတွေက ဒီနေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေး ကတော့ အောက်စီဂျင်အိုးလှူဒါန်းတဲ့ အလှူလေးပဲဖြစ်ပါတယ်…။

လတ်တလောမှာ ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်လိုအပ်နေတဲ့ လူနာတွေများပြားလာတဲ့ အတွက် အောက်စီဂျင်လိုအပ်တဲ့နေရာတွေများစွာရှိနေတာ ပရိသတ်ကြီးတွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ ဦးမန်းဝင်းရဲ့ မိသားစုဝင်တွေကတော့အခုလို အောက်ဆီဂျင် လိုအပ်နေတဲ့အချိန်မှာ အောက်ဆီဂျင်အိုးတွေလှူဒါန်းတဲ့ အလှူလေးကို ကွယ်လွန်သူဦးမန်းဝင်းအ တွက်ရည်စူးပြီး မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးအနေနဲ့လှူဒါန်းပေးခဲ့တာပါ…။

လိုအပ်နေတဲ့အချိန်မှာ လိုအပ်နေတဲ့အရာကိုလှူဒါန်းပေးတဲ့ မွန်မြတ်တဲ့အလှူလေးကြောင့် မိသားစုတွေလည်း ကုသိုလ်တွေများစွာရရှိသလို ကွယ်လွန်သူ ဦးမန်းဝင်း လည်း ကောင်းရာဘုံဘဝကနေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနေ မှာပါနော်။ ပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်…။

Credit ; CeleZone
Source – Chan Thar Mann Win