


Credit ; CeleZone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး နန္ဒာလှိုင်ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကြောင့် ကူးစက်ခံရသူတွေမှာ အောက်စီဂျင်တွေလိုအပ်နေ ကိစ္စကို ကူညီဖြေရှင်းနိုင်ဖို့ အောက်စီဂျင်စက်ရုံဆောက်လုပ်ပြီး လှူဒါန်းပေးသွားဖို့ စီစဉ်နေတာ ပရိသတ်ကြီးတွေ သိရှိပြီးသားဖြစ်မှာပါ။ နန္ဒာလှိုင်က စက်ရုံဆောက်လုပ်ဖို့အတွက်လည်း အားကြိုးမာန်တက်နဲ့ လုပ်ဆောင်နေခဲ့ပါတယ်..။

သို့ပေမဲ့လည်း အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့က အနည်းဆုံးကြာချိန် (၄၅) ရက်အထက်ကနေ (၆) လလောက်အထိကြာမြင့်မှာဖြစ်တဲ့အတွက် အခုလောလောဆယ်မှာ လိုအပ်နေတဲ့ပြည်သူတွေ လွယ်လွယ်နဲ့ မြန်မြန်ရရှိနိုင်ဖို့အတွက် အောက်စီဂျင် Concentrator တွေကိုလည်း လှူဒါန်းပေးသွားဖို့ စီစဉ်နေခဲ့ ပါသေးတတယ်။ (၁၀) လီတာဆန့်တဲ့ အောက်စီဂျင် Concentrator အလုံးရေ (၅၀) လောက် ဝယ်ယူပြီးလှူဒါန်းပေးသွားမှာပါတဲ့..။

အောက်စီဂျင်စက်ရုံကတည်ဆောက်ဖို့ အချိန်ယူနေရတဲ့ ကာလမှာတောင် လိုအပ်နေတဲ့ ပြည်သူတွေအတွက် လွယ်လွယ်ရနိုင်အောင် အဆင်ပြေနိုင်အောင် စဉ်းစားစီစဉ်လှူဒါန်းပေးတဲ့ နန္ဒာလှိုင်ရဲ့ စေတနာကတော့ တကယ်ကို သာဓုခေါ်ဆိုထိုက်ပါပေတယ်။ ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုနိုင်အောင် ဒီသတင်းလေးကို မျှဝေဖော်ပြပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်
ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Nandar Hlaing