


Credit

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် ခြူးလေး ကတော့ လူမျိုးရေးကိစ္စတွေကြောင့် နွေဦးတော်လှန်ရေးတွင် လုံးဝ ဝင်မပါခဲ့ဘဲ နှုတ်ပိတ်နေထိုင်ခဲ့ပါတယ်နော်။ ပရိသတ်များကလည်း ခြူးလေးကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းကို boycott လုပ်ခဲ့တာကြောင့် တော်တော် အကြပ်ရိုက်ခဲ့ပါသေးတယ်နော်…။

မနေ့ကလည်း ခြူးလေး က သူမကိုဆဲတဲ့ ပရိသတ်တွေကို ” ဟယ် လူလို စကားကောင်းကောင်းလေးဘဲပြောတာပါဟယ် ဘုရား​ရေ သူ့ကို လူလို ရှင်းပြတယ် ဆိုတာကလည်း လူလိုပြောရင် လူလို နားလည်လိမ့်မယ် ဦးနှောက်ရှိလိမ့်မယ် လို့ အထင်ကြီး မိလိုက်လို့ပါ …. လူကဲခတ်ညံ့သွားတယ် sorry ပါ …. ဘာရေးလည်းဆိုတာ ရေးထားတဲ့အရေးသား က ရိုင်းလားဆိုတာ သိချင်ရင် တော့ ပြောကြပါ …. စာက ရှိပါသေးတယ် ပြပါ့မယ် ရှင် …. လူတိုင်းကိုလည်းလိုက်ရှင်းမပြချင်သလို ဘာမှ လည်းမလို အပ်ဘူးလေ ရှင်းပြတော့ကော ဘာဖြစ်လာမှာမို့လို့လဲ ….. ကိုယ့်မိသားစုတွေ သူနဲ့ fri တွေဖြစ်နေလို့ မကောင်းလို့ ရှင်းပြပေးလိုက်တာပါရှင် …..

So So Sorry ပါ အမရယ် ……ကျွန်မ ချန်ဖူးတွေကိုတော့ မစော်ကားပါနဲ့ သူတို့က ကျွန်မ ဘာလုပ်နေလဲ ဘယ်လိုမျိုးလဲဆိုတာ အကုန် သိထားတဲ့သူတွေမို့လို့ပါ …..ချန်ဖူးတွေလည်း အမကို ဘယ်လိုဘဲ ထင်ကြေးတွေနဲ့ ဆဲနေပါစေ …. စိတ်တိုပြီး ပြန်မပြောကြပါနဲ့ …..လူတွေက သူများကို သာ ဆဲတတ်ကြတာ သူတို့ကို ပြန်ပြောရင် အသည်းခိုက်အောင် နာတတ်ကြတယ် ….”“ ကျွန်မကိုဒဲ့ဆဲထားတဲ့ အစ်ကိုကြီး၊အစ်မကြီးများ ခေတ်လည်းပြန်မကောင်းသေးပါဘူးကွယ် COVID ကလည်းအရမ်းဆိုးနေတော့ casting တွေ ဇွတ် မဝင်ကြပါနဲ့ စိတ်ပူလို့ ” ဆိုပြီး ခပ်ချေချေပြောထားပါသေးတယ် ပရိသတ်ကြီးရေ….

Credit