ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ Sinon Loresca ကေတာ့ Cat Walk King အျဖစ္ ထင္ရွားေက်ာ္ၾကားသလို ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္အျဖစ္လည္း ေအာင္ျမင္ေနသူတစ္ေယာက္ပါ။ Sinon က ျမန္မာနိုင္ငံကိုသာမက ရိုးသားတဲ့ ျပည္သူေတြကိုပါ ခ်စ္ခင္ၿပီး မၾကာခဏဆိုသလို အလႉအတန္းေတြ လည္းလုပ္တတ္ပါေသးတယ္။ လမ္းမွာေတြ႕တဲ့ခ်ိဳ႕တဲ့သူေတြကိုလည္း ကာလဒါနေလးေတြလုပ္တတ္တာေၾကာင့္ ပရိသတ္ေတြကခ်စ္ခင္အားေပးၾကပါတယ္..။

အခုလည္း ျမန္မာနိုင္ငံမွာ အရမ္းကို အခက္အခဲျဖစ္ေနတဲ့ ေအာက္ဆီဂ်င္ လိုအပ္ေနတဲ့ ျပႆနာကို ကူညီေျဖရွင္းေပးမယ့္အေၾကာင္းေလးေဝမၽွလာပါတယ္။ ကမၻာတစ္ဝန္းမွာ ရွိတဲ့ သူရဲ့ ပရိသတ္ေတြ ဆီကေနၿပီး အလႉေငြမ်ားေကာက္ခံကာ ျမန္မာနိုင္ငံအတြက္ လိုအပ္တဲ့ ေနရာေတြကို ေအာက္ဆီဂ်င္ လႉဒါန္းေပးမယ့္ အစီအစဥ္ေလးျဖစ္ပါတယ္..။

ဒီအလႉနဲ႔ ပတ္သက္ၿပီး ” က်ေတာ္ခ်စ္ေသာ ျမန္မာျပည္သူျပည္သားေတြေရ အခုျမန္မာမွာျဖစ္ေနတဲ့ COVID -19 THIRD WAVE ေၾကာင့္ ေတာ္ေတာ္ဆိုးဆိုးဒုကၡေရာက္ေနတယ္လို႔ က်ေတာ္ၾကားသိရပါတယ္ ဒါေၾကာင့္ က်ေတာ္ေနာက္အပတ္ထဲမွာ ကမၻာတစ္ဝန္းမွာရွိၾကတဲ့က်ေတာ့္ ပရိတ္သတ္ေတြ ဆီက က်ေတာ္ အလႉေငြ ေကာက္ခံပါ့မယ္ ရလာတဲ့ ပိုက္ဆံေတြကို ျမန္မာ မွာ ေအာက္ဆီဂ်င္လိုအပ္ေနတဲ့သူ‌ေတြကို လႉဒါန္းသြားမွာျဖစ္ပါတယ္။ အားတင္းထား ပါအုံး ျမန္မာျပည္ႀကီးနဲ႔ျပည္သူျပည္သားေတြေရ ခင္ဗ်ားတို႔မွာ က်ေတာ္ရယ္ ကမၻာႀကီးရယ္ က်န္ပါေသးတယ္ က်ေတာ္တို႔တူတူ အခက္အခဲမွန္သမၽွကို ရင္ဆိုင္တိုက္ခိုက္ၾကမယ္ ” ဟုဆိုၿပီးေရးသားေဖာ္ျပထားရာ တကယ္ကို ေလးစားမိတာေၾကာင့္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္
ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိ္ုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Credit– Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ။ Sinon က မြန်မာနိုင်ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခဏဆိုသလို အလှူအတန်းတွေ လည်းလုပ်တတ်ပါသေးတယ်။ လမ်းမှာတွေ့တဲ့ချို့တဲ့သူတွေကိုလည်း ကာလဒါနလေးတွေလုပ်တတ်တာကြောင့် ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်..။

အခုလည်း မြန်မာနိုင်ငံမှာ အရမ်းကို အခက်အခဲဖြစ်နေတဲ့ အောက်ဆီဂျင် လိုအပ်နေတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးမယ့်အကြောင်းလေးဝေမျှလာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ သူရဲ့ ပရိသတ်တွေ ဆီကနေပြီး အလှူငွေများကောက်ခံကာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ နေရာတွေကို အောက်ဆီဂျင် လှူဒါန်းပေးမယ့် အစီအစဉ်လေးဖြစ်ပါတယ်..။

ဒီအလှူနဲ့ ပတ်သက်ပြီး ” ကျတော်ချစ်သော မြန်မာပြည်သူပြည်သားတွေရေ အခုမြန်မာမှာဖြစ်နေတဲ့ COVID -19 THIRD WAVE ကြောင့် တော်တော်ဆိုးဆိုးဒုက္ခရောက်နေတယ်လို့ ကျတော်ကြားသိရပါတယ် ဒါကြောင့် ကျတော်နောက်အပတ်ထဲမှာ ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ကျတော့် ပရိတ်သတ်တွေ ဆီက ကျတော် အလှူငွေ ကောက်ခံပါ့မယ် ရလာတဲ့ ပိုက်ဆံတွေကို မြန်မာ မှာ အောက်ဆီဂျင်လိုအပ်နေတဲ့သူ‌တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ အားတင်းထား ပါအုံး မြန်မာပြည်ကြီးနဲ့ပြည်သူပြည်သားတွေရေ ခင်ဗျားတို့မှာ ကျတော်ရယ် ကမ္ဘာကြီးရယ် ကျန်ပါသေးတယ် ကျတော်တို့တူတူ အခက်အခဲမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်ကြမယ် ” ဟုဆိုပြီးရေးသားဖော်ပြထားရာ တကယ်ကို လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်
ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Sinon