


Source and video Credit ; Hall of Fame by Eleven

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ နိုင်ငံကျော်အဆိုတော် ရေမွန် (ခ) တွတ်ပီ (Idiots Band ) ဇွန် (၂၃) ရက်မနက်ပိုင်း က အစာအိမ်သွေး ကြောပေါက် ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “ လူအဂီတ ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေး သားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်..။

ရေမွန် ကွယ်လွန်ခဲ့တဲ့အတွက် နိုင်ငံတဝန်း ရေမွန်ရဲ့ ပရိသတ်အမြောက်အများက လူမှုကွန်ရက်စာမျက်နှာမှာ ရေမွန်အတွက် ဝမ်းနည်းကြောင်းဆုတောင်း ပေးခဲ့ကြတာပါ။ ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်ဟာဆိုရင် သားဖြစ်သူဆုံးပါသွားတာကို ခုထက်တိတိုင်လက်မခံနိုင်ပါသေးဘူး။ ဒီတစ်ခါမှာဆိုရင်လည်း သားဖြစ်သူရေမွန်ရဲ့အခန့်လေး ကိုသန့်ရှင်းရေးလုပ်ပေးနေတဲ့အချိန် တွေ့ခဲ့ရတဲ့အရာလေးတွေကိုပြောပြရင်း သူမစိတ်ဆိုးလို့ရေးပြီးပေးထားတဲ့စာလေးကိုပါ အမှတ်တရသိမ်းထားတဲ့အကြောင်းကို မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်က ပြောပြလာခဲ့တာပဲဖြစ်ပါတယ်..။

အဲ့ဒါကတော့ “ သူဆုံးတော့ မှ သူ့အခန်း ကိုရှင်းရင်းတွေ့တာတွေက သူက အမှတ်တရတွေ ကို သိမ်းထားတယ်ဆိုတာပဲ အန်တီ သူ့ ကို ဆူပြီးရေးထားတဲ့ စာက အစ သိမ်းထား တယ်. “ ဟုဆိုပြီးရေမွန်ရဲ့အကြောင်းလေးတွေ ကိုပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုအပြည့်အစုံကိုပရိတ်သတ်ကြီးအား အခုလိုပဲတစ် ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms