


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ MRTV 4 ရဲ့ဇာတ်လမ်းတွဲမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ စိုပြေမြင့် ၊ သွန်းသစ္စာဇော်နဲ့ဝိုင်းရွှေရည်တို့ဟာဆိုရင် ပရိတ်သတ် ချစ်ခင်အားပေးမှုနဲ့ အောင်မြင်မှုတွေကိုအသီးသီးရရှိထားကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ သူတို့သုံးယောက်ဟာဆိုရင် “ ရတနာထဲကရတနာ ” ဇာတ်လမ်း တွဲမှာဆိုရင်လည်း တကယ်ကိုသရုပ်ကောင်းပြီး အပေးအယူမျှတစွာနဲ့ကျတဲ့ဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ကြလို့ ပရိတ်သတ်တွေရဲ့ပါးစပ်ဖျားမှာပါ ပြောစမတ်တွင်ခဲ့တဲ့ဇာတ်လမ်းတွဲလေးလည်းဖြစ်ခဲ့ပါသေးတယ်..။

သရုပ်ဆောင် စိုပြေမြင့် ၊ သွန်းသစ္စာဇော်နဲ့ဝိုင်းရွှေရည်တို့ရဲ့မိဘတွေဟာ ယခုဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် လောကကြီးကနေ နှုတ်ဆက်ထွက် သွားခဲ့ကြတာပဲဖြစ်ပါတယ်။စိုပြေမြင့် ရဲ့ ဖခင် ၊သွန်းသစ္စာဇော် ရဲ့ မိခင်နှင့် ဝိုင်းရွှေရည် ရဲ့ မိခင်တို့ဟာ ကိုဗစ်ကြောင့်ချစ်တဲ့မိသားစုလေးတွေကို ထားခဲ့ပြီးထွက် ခွါသွားခဲ့ကြတာပဲဖြစ်ပါတယ်..။

ရက်စက်လွန်းတဲ့ ဒီရောဂါကပ်ဆိုးကြီးအမြန်ဆုံးပီးဆုံးပျောက်ကွယ်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ချစ်တဲ့ပရိတ်သတ်ကြီးကလည်း မိဘတွေဆုံးရှုံး သွားကြတဲ့ စိုပြေမြင့် ၊ သွန်းသစ္စာဇော်နဲ့ဝိုင်းရွှေရည်တို့သုံးယောက်အတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါအုံး။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံး
လည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms