


Source ; May Panche Facebook Acc

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့အပြင် ပီပြင်ပိုင်နိုင် တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှုကိုအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ မေပန်းချီဟာဆိုရင် နွေဦးတော်လှန်ရေးမှာဆိုရင်လည်းပြည်သူလူ ထုနဲ့အတူလမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ အလှူအတန်းမှာဆိုရင်လည်း လက်မနှေးပဲရက်ရောလွန်းတဲ့အတွက် မကြာခဏဆိုသလို အလှူအတန်းတွေကိုလည်းပြုလုပ်လေ့ရှိပါတယ်..။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်းနေရာအနှံ့တော်တော် များများမှာကူးစက်ပြန့်ပွားနေတာဖြစ်ပါတယ်။ ဒီကိုဗစ်ရောဂါကပ်ဆိုးကြီးကို မေပန်းချီတို့သားအမိနှစ်ယောက်ကအလူးအလည်းကိုရင်ဆိုင်အသက်လုနေရတာပဲဖြစ်ပါတယ်။ ဒီလိုရောဂါဆိုးကူးဆက်ခံနေရတဲ့ မေပန်းချီတို့မိသားစုကို တစ်ချို့ သောအိမ်နီးချင်းတွေရဲ့မိသားစုစိတ်ဓာတ်နဲ့ကူညီပေးတဲ့လူတွေရှိသလို တစ်ချို့သောအိမ်နီးချင်းတွေရဲ ့ခွဲခြားဆက်ဆံမှုကိုခံနေရတာပဲဖြစ်ပါတယ်။ အိမ်နီးချင်းတွေရဲ့ စိတ်ဓာတ်ကွာခြားကြပုံကိုလည်းမေပန်းချီက ဝမ်းနည်းစိတ်မကောင်းစွာနဲ့အခုလိုပဲရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်..။

“ တချို့ အိမ်နီးချင်းတွေကတံခါးတွေပိတ်ကျတယ် မခေါ်နိုင်မပြောနိုင်ဖြစ်ကျတယ်ကိုယ့်ကိုယ်လာကူညီပေးတဲ့ တက်စီတွေကိုတောင်မကူညီပေးဖို့တားတယ် တချို့အိမ်နီးချင်းတွေက စားစရာလေးတွေခြံတံခါမှာလာချိတ်ပေးရှာတယ် စိတ်ဓာတ်တွေကွာခြားကျတယ် ” ဟုဆိုပြီးရေးသားလာတဲ့အပြင် မိခင်ကြီးအတွက် အောက်စီဂျင်အရမ်းလိုအပ်နေကြောင်းကိုလည်း ” အောက်ဆီဂျင်မှ မရရင်အမေသေရပါတော့မယ် ” ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ စာဖတ်ပရိတ် သတ်ကြီးလည်း မေပန်းချီအတွက်တတ်နိုင်သလောက်ကူညီပေးပါအုံး။ဖတ်ရှု့ပြေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်
နိုင်ပါစလေို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms