


Source and Video Credit ; Myanmar Celebrity TV

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးလူမုန်း(ခ) ဦးအောင်ကိုလေးဟာဆိုရင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်တဲ့အပြင် တေးသီချင်းကောင်းလေးတွေလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့ပါသေးတယ်။ ဦးလူမုန်းဟာ တေးသံရှင်ဦးအောင်ကိုလတ်ရဲ့ညီအရင်းလည်းဖြစ်ပါတယ်..။

ဇူလိုင်လ (၁၄) ရက်နေ့မှာ ဦးလူမုန်းက ချစ်ရတဲ့မိသားစုတွေနဲ့ချစ်တဲ့ပရိတ်သတ်ကို နှုတ်ဆက်ပြီး လောကကြီးကနေ အပီးအပိုင်ထွက်ခွါသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဦးလူမုန်းကွယ်လွန်သွားတဲ့အတွက် ပရိတ်သတ်တွေကလည်းဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်..။

နာမည်ကသားလူမုန်းဆိုပေမယ့်လည်း အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့သူလည်းဖြစ်ပါတယ်။ ဒီကနေ့မှာ ဆိုရင်လည်း ဦးလူမုန်းကွယ်လွန်ခဲ့တဲ့အကြောင်းအရင်းကို ဦးလူမုန်းရဲ့တစ်ဦးတည်းသောသမီးလေးကပြောပြလာတာပဲဖြစ်ပါတယ်။ ” အဖေ့က သွေးတိုးလည်းရှိ တယ် နှလုံးအမောဖောက်ပြီးဆုံးခဲ့ရတာပါ အဖေ့ရဲ့အသက်ကိုဘယ်လိုမှမကယ်လိုက်နိုင်ဘူး အဖေကိုကောင်းရာမွန်ရာဘုံဘဝဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်စေချင်ပါတယ် ” ဟုဆိုပြီးမျက်ရည်တွေနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ဦးလူမုန်းကွယ်လွန်တဲ့အကြောင်းအရင်း အင်တာဗျူးဗီဒီယိုလေးကိုပရိတ်သတ်ကြီးအား အခုလိုပဲတစ် ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ဖတ်ရူပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်
ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms