

ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မြန်မာဇာတ်ကားတွေ တော်တော် များများမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ အသက် (၈၁) နှစ်ရှိပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးအောင်ကျော်ဟာ ယနေ့ ဇူလိုင်လ (၁၅) ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဘာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတာကိုတော့ မသိရသေးဘဲ ကွယ်လွန်သွားတဲ့ အကြောင်းအရင်းကိုတော့ ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းမြိုင်က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်..။

ဦးဝင်းမြိုင်ရဲ့ ပြောပြချက်တွေအရ ဦးအောင်ကျော်ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ရုပ်ရှင်အစည်းအရုံးကို ကျန်းမာရေးကောင်းမွန်စွာနဲ့ လာရောက်ခဲ့သေးပြီး ယနေ့မှာ နှုတ်ဆက်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် ဦးအောင်ကျော် ကွယ်လန်သွားရှာပြီဆိုတဲ့ သတင်းကြောင့် အနုပညာမောင်နှမတွေအပြင် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ကြတာ တွေ့ရပါတယ်..။

ယမန်နေ့ကလည်း ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဦးလူမုန်းဟာ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ယနေ့မနက်ပိုင်းမှာတော့ ချစ်ခင်အားပေးခဲ့ရတဲ့ အနုပညာရှင်တစ်ယောက် ထပ်မံကွယ်လွန်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဦးအောင်ကျော် ကွယ်လွန်သွားခဲ့တာကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုကတိလားပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်….🙏🙏🙏။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်
ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိ်ုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

CRD – Myanmarload