ခ်စ္လွစြာေသာပရိသတ္ႀကီးေရ ကိုဗစ္ ေရာဂါကေတာ့ ဒီရက္ပိုင္း ျမန္မာနိုင္ငံ ေနရာ အႏွံ့အျပားမွာ ဆိုးရြာ လာတာကိုေတြ႕ရပါတယ္ ။ လူမႈကြန္ရက္ စာမ်က္ႏွာ ထက္မွာဆိုရင္လည္း ေသဆုံးသူ သတင္းေတြ ၊ ေအာက္ဆီဂ်င္ အေရးေပၚ လိုအပ္လို႔ ေတာင္းခံေနၾကတဲ့ သတင္းေတြကလည္း အျပည့္ပါပဲ ။ ေအာက္ဆီဂ်င္ လိုအပ္ေနသူေတြလည္း ရွိေနေသးလို႔ အလႉရွင္ေတြလည္း စုေပါင္းလႉဒါန္းေပးလ်က္ရွိပါတယ္ …။

မေန႔ညကဆိုရင္လည္း ခိုင္ႏွင္းေဝ က သူမွာယူထားတဲ့ ေအာက္ဆီဂ်င္အိုးေတြ ေရာက္ရွိလာလို႔ ညတြင္းခ်င္း သူကိုယ္တိုင္လည္း ေနမေကာင္းတဲ့ ၾကားက လိုအပ္ေနသူေတြကို ကိုယ္တိုင္ လႉဒါန္းေပးခဲ့ပါတယ္ ။ ေအာက္ဆီဂ်င္ အလႉလက္ခံရရွိတဲ့ ပုံေလးေတြကိုလည္း ေဖာ္ျပခဲ့ပါတယ္ …။

အလႉနဲ႔ ပတ္သက္ၿပီးလည္း “ ေအာက္ဆီဂ်င္အိုးေလးေတြေတာ့ ေရာက္လာပါပီရွင္..အေရးေပၚ လူနာမ်ားကို လႈေပးျဖစ္ခဲ့ပါတယ္..ရွားပါးေနတဲ့ ခ်ိန္ျဖစ္တဲ့ အတြက္ လူစုံေအာင္ မလႈေပးနိုင္တာကိုလဲ နားလည္ေပးၾကပါရွင္..ေနာက္ထပ္လဲ လႉနိုင္ေအာင္ က်မတတ္နိုင္သေလာက္ ႀကိဳးစားသြားပါမယ္..အေရးေပၚ လူနာမ်ားအား ေငြေၾကးတစုံတရာ ေကာက္ျခင္းမရွိပဲ လႈေပးၿပီး မိမိတို႔ အသုံးျပဳၿပီးပါကလဲ တဆင့္ လိုအပ္သူမ်ားအား ျပန္လည္ လႈေပးၾကပါလို႔ ေမတၱာ ရပ္ခံပါတယ္ရွင္..လိုအပ္သူမ်ားျပားလြန္းတာေၾကာင့္ ဖုန္းမေျဖနိုင္တာလဲ နားလည္ေပးၾကပါေနာ္..က်မ ကိုယ္တိုင္လဲ ေနမေကာင္းတာ တပတ္ေလာက္ရွိေနၿပီး က်မ အတြက္ မခ်န္ထားပဲ လႉေပးေနပါတယ္..တကယ္လိုအပ္မွသာ အကူအညီေတာင္းမယ္ မေဆာင္ထားဘူး ဆိုတဲ့ အသိနဲ႔ပါ..က်မနဲ႔ အတူ ပါဝင္လႉဒါန္းေပးၾကေသာ ခုႏွစ္ရက္ သားသမီး အလႉရွင္မ်ားအားလုံး ကုသိုလ္ထပ္တူ ရၾက၍ ပီတိျဖစ္နိုင္ၾကပါေစရွင္..” ေရးသားေဖာ္ျပထားရာ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္… ။

Credit– Cele Zone
Photo – Khine Hnin Wai

ချစ်လှစွာသောပရိသတ်ကြီးရေ ကိုဗစ် ရောဂါကတော့ ဒီရက်ပိုင်း မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ဆိုးရွာ လာတာကိုတွေ့ရပါတယ် ။ လူမှုကွန်ရက် စာမျက်နှာ ထက်မှာဆိုရင်လည်း သေဆုံးသူ သတင်းတွေ ၊ အောက်ဆီဂျင် အရေးပေါ် လိုအပ်လို့ တောင်းခံနေကြတဲ့ သတင်းတွေကလည်း အပြည့်ပါပဲ ။ အောက်ဆီဂျင် လိုအပ်နေသူတွေလည်း ရှိနေသေးလို့ အလှူရှင်တွေလည်း စုပေါင်းလှူဒါန်းပေးလျက်ရှိပါတယ် …။

မနေ့ညကဆိုရင်လည်း ခိုင်နှင်းဝေ က သူမှာယူထားတဲ့ အောက်ဆီဂျင်အိုးတွေ ရောက်ရှိလာလို့ ညတွင်းချင်း သူကိုယ်တိုင်လည်း နေမကောင်းတဲ့ ကြားက လိုအပ်နေသူတွေကို ကိုယ်တိုင် လှူဒါန်းပေးခဲ့ပါတယ် ။ အောက်ဆီဂျင် အလှူလက်ခံရရှိတဲ့ ပုံလေးတွေကိုလည်း ဖော်ပြခဲ့ပါတယ် …။

အလှူနဲ့ ပတ်သက်ပြီးလည်း “ အောက်ဆီဂျင်အိုးလေးတွေတော့ ရောက်လာပါပီရှင်..အရေးပေါ် လူနာများကို လှုပေးဖြစ်ခဲ့ပါတယ်..ရှားပါးနေတဲ့ ချိန်ဖြစ်တဲ့ အတွက် လူစုံအောင် မလှုပေးနိုင်တာကိုလဲ နားလည်ပေးကြပါရှင်..နောက်ထပ်လဲ လှူနိုင်အောင် ကျမတတ်နိုင်သလောက် ကြိုးစားသွားပါမယ်..အရေးပေါ် လူနာများအား ငွေကြေးတစုံတရာ ကောက်ခြင်းမရှိပဲ လှုပေးပြီး မိမိတို့ အသုံးပြုပြီးပါကလဲ တဆင့် လိုအပ်သူများအား ပြန်လည် လှုပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်ရှင်..လိုအပ်သူများပြားလွန်းတာကြောင့် ဖုန်းမဖြေနိုင်တာလဲ နားလည်ပေးကြပါနော်..ကျမ ကိုယ်တိုင်လဲ နေမကောင်းတာ တပတ်လောက်ရှိနေပြီး ကျမ အတွက် မချန်ထားပဲ လှူပေးနေပါတယ်..တကယ်လိုအပ်မှသာ အကူအညီတောင်းမယ် မဆောင်ထားဘူး ဆိုတဲ့ အသိနဲ့ပါ..ကျမနဲ့ အတူ ပါဝင်လှူဒါန်းပေးကြသော ခုနှစ်ရက် သားသမီး အလှူရှင်များအားလုံး ကုသိုလ်ထပ်တူ ရကြ၍ ပီတိဖြစ်နိုင်ကြပါစေရှင်..” ရေးသားဖော်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်… ။

Credit– Cele Zone
Photo – Khine Hnin Wai