ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ အႏုပညာရွင္မ်ားနဲ႔ သ႐ုပ္ေဆာင္ေတြရဲ့ ေဆြမ်ိဳးမိဘတစ္ခ်ိဳ႕ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ကြယ္လြန္သြားၾကတာကို အခုရက္ပိုင္းတြင္ ဝမ္းနည္းစြာျဖင့္ ျမင္ေတြ႕ေနရပါတယ္။ မနက္(၆) နာရီခြဲအခ်ိန္တြင္ သ႐ုပ္ေဆာင္ သြန္းသစၥာေဇာ္ ရဲ့ မိခင္ျဖစ္သူဟာ ေက်ာက္ကပ္ေရာဂါေဝဒနာျဖင့္ ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ေၾကာင္း လူမႈကြန္ယက္မ်ားမွတစ္ဆင့္ သိရွိခဲ့ရပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း သြန္းသစၥာေဇာ္မွ သူမရဲ့Facebook အေကာင့္တြင္ မိခင္ျဖစ္သူနဲ႔ပတ္သက္ၿပီး လက္ရွိခံစားေနရတာေတြကို ေရးသားေဝမၽွထားတာ ျဖစ္ပါတယ္…။

သူမရဲ့မိခင္ဟာ ေက်ာက္ကပ္ေဆးေနရတာ (၆) ႏွစ္ရွိၿပီျဖစ္ၿပီး အဲ့မတိုင္ခင္ကလည္း SLE(အေရျပားေလးဘက္နာ) ေရာဂါကိုခံစားခဲ့ရတာ ျဖစ္ပါတယ္။ ဒီလိုအေျခအေနႀကီးမွာ ေက်ာက္ကပ္ေဆးဖို႔ အျမဲ အဆင္ေျပပါ့မလားဆိုၿပီးေတြးပူမိတတ္တဲ့ မိခင္ရဲ့ စိုးရိမ္ပူပန္စိတ္ေတြကို ဝမ္းနည္းစြာ ေျပာျပထားတာပါ။ ေက်ာက္ကပ္ေဝဒနာခံစားရသူတိုင္း အၾကာႀကီးမေနရတာ မ်က္ျမင္ကိုယ္ေတြ႕ျဖစ္ေပမယ့္ (၆) ႏွစ္လုံးလုံး လူေကာင္းတစ္ေယာက္လို ေနေပးသြားတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္…။

” အခုလည္း ဒီေဝဒနာႀကီးက ေမႀကီးလြတ္ေျမာက္သြားၿပီေပါ့ေနာ္။ ခ်စ္တဲ့ ေမႀကီး ပိုေကာင္းတဲ့ေနရာကိုသြားပါအရမ္းသတိရေပမယ့္ ရွိေစခ်င္လိုက္တာလို႔ေတာ့ သမီးအတၱမႀကီးေတာ့ဘူးေနာ္ ခ်စ္တယ္ ေမႀကီး ❤️” ဆိုၿပီး ဝမ္းနည္းေနရတာေတြကို ရင္ဖြင့္ေရးသားထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ မိခင္ျဖစ္သူရဲ့ ေနာက္ဆုံး ႐ုပ္ကလာပ္ေလးကို ၾကည့္ၿပီး ဝမ္းနည္းပက္လက္ ငိုေႂကြးေနတဲ့ ပုံေလးကို ျမင္ၿပီး ပရိသတ္ေတြက သူမရဲ့ အႀကီးမားဆုံး ဆုံးရႈံးမႈအတြက္ စိတ္မေကာင္း ျဖစ္ေနၾကတာ ျဖစ္ပါတယ္။ သြန္းသစၥာေဇာ္ ရဲ့ မိခင္လည္း ျပဳျပဳခဲ့သမၽွ ကုသိုလ္ေကာင္းမႈေတြေၾကာင့္ ေကာင္းရာမြန္ရာဘုံဘဝမွာ ေအးခ်မ္းေပ်ာ္ရႊင္နိုင္ပါေစလို႔ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္…။

Source and Photo Crd-Thun Thit Sar Zaw’s Facebook Account
Credit ; MMLoad

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာရှင်များနဲ့ သရုပ်ဆောင်တွေရဲ့ ဆွေမျိုးမိဘတစ်ချို့ အကြောင်းအမျိုးမျိုးကြောင့်ကွယ်လွန်သွားကြတာကို အခုရက်ပိုင်းတွင် ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။ မနက်(၆) နာရီခွဲအချိန်တွင် သရုပ်ဆောင် သွန်းသစ္စာဇော် ရဲ့ မိခင်ဖြစ်သူဟာ ကျောက်ကပ်ရောဂါဝေဒနာဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ကြောင်း လူမှုကွန်ယက်များမှတစ်ဆင့် သိရှိခဲ့ရပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သွန်းသစ္စာဇော်မှ သူမရဲ့Facebook အကောင့်တွင် မိခင်ဖြစ်သူနဲ့ပတ်သက်ပြီး လက်ရှိခံစားနေရတာတွေကို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်…။

သူမရဲ့မိခင်ဟာ ကျောက်ကပ်ဆေးနေရတာ (၆) နှစ်ရှိပြီဖြစ်ပြီး အဲ့မတိုင်ခင်ကလည်း SLE(အရေပြားလေးဘက်နာ) ရောဂါကိုခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြီးမှာ ကျောက်ကပ်ဆေးဖို့ အမြဲ အဆင်ပြေပါ့မလားဆိုပြီးတွေးပူမိတတ်တဲ့ မိခင်ရဲ့ စိုးရိမ်ပူပန်စိတ်တွေကို ဝမ်းနည်းစွာ ပြောပြထားတာပါ။ ကျောက်ကပ်ဝေဒနာခံစားရသူတိုင်း အကြာကြီးမနေရတာ မျက်မြင်ကိုယ်တွေ့ဖြစ်ပေမယ့် (၆) နှစ်လုံးလုံး လူကောင်းတစ်ယောက်လို နေပေးသွားတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်…။

” အခုလည်း ဒီဝေဒနာကြီးက မေကြီးလွတ်မြောက်သွားပြီပေါ့နော်။ ချစ်တဲ့ မေကြီး ပိုကောင်းတဲ့နေရာကိုသွားပါအရမ်းသတိရပေမယ့် ရှိစေချင်လိုက်တာလို့တော့ သမီးအတ္တမကြီးတော့ဘူးနော် ချစ်တယ် မေကြီး ❤️” ဆိုပြီး ဝမ်းနည်းနေရတာတွေကို ရင်ဖွင့်ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူရဲ့ နောက်ဆုံး ရုပ်ကလာပ်လေးကို ကြည့်ပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေတဲ့ ပုံလေးကို မြင်ပြီး ပရိသတ်တွေက သူမရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ သွန်းသစ္စာဇော် ရဲ့ မိခင်လည်း ပြုပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေကြောင့် ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်…။

Source and Photo Crd-Thun Thit Sar Zaw’s Facebook Account
Credit ; MMLoad