ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့အခ်စ္ေတာ္ ဒါရိုက္တာကိုေပါက္ကေတာ့ ဒီေန႔မွာ ေမြးေန႔က်ေရာက္တဲ့ သူရဲ့သားအႀကီးေလးေမြးေန႔အတြက္ ေမြးေန႔ဆုမြန္ေကာင္းေလး သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန ဆုေတာင္းေပးလာခဲ့ပါတယ္။ ကိုေပါက္က “ သားႀကီးအတြက္ေမြးေန႔ဆုေတာင္း။ သားသားေရ သားသားကိုေဖေဖတို႔က ႏွစ္တိုင္း ႏွစ္တိုင္းေမြးေန႔လုပ္ေပးခဲ့တယ္။ ေမြးေန႔တိုင္းလည္း ေဖေဖတို႔မိသားစု အတူတူအျမဲရွိခဲ့ၾကတယ္။ ဆယ္ေက်ာ္သက္ျဖစ္တဲ့ ဒီ (၁၁) ႏွစ္ျပည့္ေမြးေန႔က်မွ အတူတူရွိခြင့္မရတာ နာက်င္ရပါတယ္ သားေရ။

ဒါေပမယ့္ ေဖေဖတို႔ထက္ဆိုးတဲ့မိသားစုဘဝေတြအမ်ားႀကီး ျပန္ဆုံခြင့္မရေတာ့တာေတြထက္စာရင္ေတာ့ ေျဖသာပါတယ္သားေရ။ တခ်ိဳ႕ မိသားစုေတြဆိုရင္ ေမြး ေန့ဆုေတာင္းေပးစရာေတြမရွိေတာ့ဘူး။ တခ်ိဳ႕ ကိုကို မမ ဦးဦး ေဒၚေဒၚေတြကမိသားစုထံကို ဘယ္ေတာ့မွျပန္မလာနိုင္ေတာ့ဘူးသားေရ။ သူတို႔ဘဝေတြက ပို သနားဖို႔ေကာင္းတယ္။ ကိုယ္အဆင္ေျပေနလို႔ ပတ္ဝန္းက်င္ကို ေမ့ထားတတ္တဲ့ လူမျဖစ္ေအာင္ အဆိုးနဲ႔အေကာင္း၊ အက်ိဳးအေၾကာင္းကို ခြဲျခားဆုံးျဖတ္တတ္တဲ့ ဉာဏ္အေျမႇာ္အျမင္ရွိပါေစသား။ တရားျခင္းနဲ႔မတရားျခင္း ၊ ဓမၼနဲ႔အဓမၼကို ခြဲျခားသိတတ္ၿပီး အမွန္တရားဖက္က အျမဲတန္းရပ္တည္ၿပီး ခိုင္မာတဲ့စိတ္ဓာတ္ေတြ အျမဲရွိပါေစသားသားေရ..။

အိမ္ကိုေဖေဖျပန္မလာနိုင္ေသးတဲ့အခ်ိန္ သားခ်စ္တဲ့ေမေမနဲ႔ ညီေလးကို ေစာင့္ေလၽွာက္ေပးနိုင္ပါေစ။ ေဖေဖအရမ္းခ်စ္တဲ့ ကိုႀကီးေသာ္ေရ။ သားသားဘဝမွာ အဆင္မေျပခဲ့တာေတြရွိခဲ့ရင္ ေဖေဖ့ကိုနားလည္ေပးပါ။ ေဖေဖဆူခဲ့ ၊ ေဟာက္ခဲ့၊ရိုက္ခဲ့မိတာေတြက သားသားကို မခ်စ္လို႔ မုန္းလို႔မဟုတ္ဘူးဆိုတာ သားသားသိ ပါေစ။ သားသားရဲ့လိုအင္ဆႏၵမ်ား ျပည့္ဝပါေစသားေရ။ ေဖေဖမရွိတဲ့အခ်ိန္ ေမေမ့စကားနားေထာင္ပါသားေရ။ ေဖေဖစိတ္ပူတယ္။ သားသားတို႔ညီအစ္အစ္ ကိုႏွစ္ေယာက္က စမက္ေဒါင္းေဆာ့ဖို႔ေဖေဖ့ကိုေမၽွာ္ေနတဲ့အခ်ိန္ ေဖေဖျပန္မလာနိုင္ေသးဘူး။ အခုေတာ့ေမေမနဲ႔ေဆာ့ထားႏွင့္ေနာ္။ ေဖေဖျပန္ေရာက္မွ အသား ကုန္ခ်ၾကမယ္။ အားေမြးထား လက္ကို ခဏခဏေဆး mask တပ္ၿပီး အားရွိေအာင္စားၾကေနာ္။ သားသားတို႔အျမဲက်င့္သုံးရမယ့္တရားက ခ်စ္စရာေကာင္းတဲ့ လူကိုခ်စ္ပါ။ မုန္းစရာေကာင္းတဲ့လူကို သနားပါတယ္ဆိုတဲ့စိတ္နည္းနည္းမွမထားပဲ ျပတ္ျပတ္သားသားမုန္းတတ္ရမယ္..။

အမွန္တရားကို တန္ဖိုးထားၿပီးခ်စ္တတ္တဲ့သူ ၊ အမ်ိဳးဘာသာ သာသနာနဲ႔တိုင္းျပည္ကိုခ်စ္တဲ့သားႀကီးျဖစ္ပါေစ။ ေရာဂါကပ္ဆိုးနဲ႔ စနစ္ဆိုးကေန သားသားတို႔လို ကေလးမ်ားအားလုံး ေနာက္ဘယ္ေတာ့မွ မၾကဳံေတြ႕ရပါေစနဲ႔လို႔ေဖေဖဆုေတာင္းပါတယ္။ သားရဲ့အေဝးေရာက္ေဖေဖ ၁၆.၇.၂၀၂၁ ” ဟုဆိုၿပီး သားႀကီး ရဲ့ေမြးေန႔မွာ ေမြးေန႔ဆုေတာင္းနဲ႔ အတူ ဆုံးမစကားရယ္ အတူမရွိေပးနိုင္ ေမြးေန႔ပြဲေလးမလုပ္ေပးနိုင္တဲ့အတြက္ စိတ္မေကာင္းျဖစ္ေၾကာင္းကို ေဖာ္ျပထားခဲ့ပါတယ္ ။ ပရိသတ္ႀကီးေတြလည္း ကိုေပါက္ရဲ့သားႀကီးေလးေမြးေန႔အတြက္ ေမြးေန႔ဆုေတာင္းေလးေတြေတာင္းေပးခဲ့ၾကပါဦး။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း
သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔္ ဆုမြန္ေကာ္င္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Credit ; CeleZone

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဒါရိုက်တာကိုပေါက်ကတော့ ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ သူရဲ့သားအကြီးလေးမွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းလေး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆုတောင်းပေးလာခဲ့ပါတယ်။ ကိုပေါက်က “ သားကြီးအတွက်မွေးနေ့ဆုတောင်း။ သားသားရေ သားသားကိုဖေဖေတို့က နှစ်တိုင်း နှစ်တိုင်းမွေးနေ့လုပ်ပေးခဲ့တယ်။ မွေးနေ့တိုင်းလည်း ဖေဖေတို့မိသားစု အတူတူအမြဲရှိခဲ့ကြတယ်။ ဆယ်ကျော်သက်ဖြစ်တဲ့ ဒီ (၁၁) နှစ်ပြည့်မွေးနေ့ကျမှ အတူတူရှိခွင့်မရတာ နာကျင်ရပါတယ် သားရေ။

ဒါပေမယ့် ဖေဖေတို့ထက်ဆိုးတဲ့မိသားစုဘဝတွေအများကြီး ပြန်ဆုံခွင့်မရတော့တာတွေထက်စာရင်တော့ ဖြေသာပါတယ်သားရေ။ တချို့ မိသားစုတွေဆိုရင် မွေး နေ့ဆုတောင်းပေးစရာတွေမရှိတော့ဘူး။ တချို့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်တွေကမိသားစုထံကို ဘယ်တော့မှပြန်မလာနိုင်တော့ဘူးသားရေ။ သူတို့ဘဝတွေက ပို သနားဖို့ကောင်းတယ်။ ကိုယ်အဆင်ပြေနေလို့ ပတ်ဝန်းကျင်ကို မေ့ထားတတ်တဲ့ လူမဖြစ်အောင် အဆိုးနဲ့အကောင်း၊ အကျိုးအကြောင်းကို ခွဲခြားဆုံးဖြတ်တတ်တဲ့ ဉာဏ်အမြှော်အမြင်ရှိပါစေသား။ တရားခြင်းနဲ့မတရားခြင်း ၊ ဓမ္မနဲ့အဓမ္မကို ခွဲခြားသိတတ်ပြီး အမှန်တရားဖက်က အမြဲတန်းရပ်တည်ပြီး ခိုင်မာတဲ့စိတ်ဓာတ်တွေ အမြဲရှိပါစေသားသားရေ..။

အိမ်ကိုဖေဖေပြန်မလာနိုင်သေးတဲ့အချိန် သားချစ်တဲ့မေမေနဲ့ ညီလေးကို စောင့်လျှောက်ပေးနိုင်ပါစေ။ ဖေဖေအရမ်းချစ်တဲ့ ကိုကြီးသော်ရေ။ သားသားဘဝမှာ အဆင်မပြေခဲ့တာတွေရှိခဲ့ရင် ဖေဖေ့ကိုနားလည်ပေးပါ။ ဖေဖေဆူခဲ့ ၊ ဟောက်ခဲ့၊ရိုက်ခဲ့မိတာတွေက သားသားကို မချစ်လို့ မုန်းလို့မဟုတ်ဘူးဆိုတာ သားသားသိ ပါစေ။ သားသားရဲ့လိုအင်ဆန္ဒများ ပြည့်ဝပါစေသားရေ။ ဖေဖေမရှိတဲ့အချိန် မေမေ့စကားနားထောင်ပါသားရေ။ ဖေဖေစိတ်ပူတယ်။ သားသားတို့ညီအစ်အစ် ကိုနှစ်ယောက်က စမက်ဒေါင်းဆော့ဖို့ဖေဖေ့ကိုမျှော်နေတဲ့အချိန် ဖေဖေပြန်မလာနိုင်သေးဘူး။ အခုတော့မေမေနဲ့ဆော့ထားနှင့်နော်။ ဖေဖေပြန်ရောက်မှ အသား ကုန်ချကြမယ်။ အားမွေးထား လက်ကို ခဏခဏဆေး mask တပ်ပြီး အားရှိအောင်စားကြနော်။ သားသားတို့အမြဲကျင့်သုံးရမယ့်တရားက ချစ်စရာကောင်းတဲ့ လူကိုချစ်ပါ။ မုန်းစရာကောင်းတဲ့လူကို သနားပါတယ်ဆိုတဲ့စိတ်နည်းနည်းမှမထားပဲ ပြတ်ပြတ်သားသားမုန်းတတ်ရမယ်..။

အမှန်တရားကို တန်ဖိုးထားပြီးချစ်တတ်တဲ့သူ ၊ အမျိုးဘာသာ သာသနာနဲ့တိုင်းပြည်ကိုချစ်တဲ့သားကြီးဖြစ်ပါစေ။ ရောဂါကပ်ဆိုးနဲ့ စနစ်ဆိုးကနေ သားသားတို့လို ကလေးများအားလုံး နောက်ဘယ်တော့မှ မကြုံတွေ့ရပါစေနဲ့လို့ဖေဖေဆုတောင်းပါတယ်။ သားရဲ့အဝေးရောက်ဖေဖေ ၁၆.၇.၂၀၂၁ ” ဟုဆိုပြီး သားကြီး ရဲ့မွေးနေ့မှာ မွေးနေ့ဆုတောင်းနဲ့ အတူ ဆုံးမစကားရယ် အတူမရှိပေးနိုင် မွေးနေ့ပွဲလေးမလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်းကို ဖော်ပြထားခဲ့ပါတယ် ။ ပရိသတ်ကြီးတွေလည်း ကိုပေါက်ရဲ့သားကြီးလေးမွေးနေ့အတွက် မွေးနေ့ဆုတောင်းလေးတွေတောင်းပေးခဲ့ကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း
သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့် ဆုမွန်ကော်င်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Ko Pauk