


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှူ့တွေ ကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်။ လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ သရုပ်ဆောင်မင်းသမီးချော ဘေဘီမောင်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကျန်းမာရေးမကောင်းဖြစ်လို့ နေပါတယ်..။

ပြီးခဲ့တဲ့ (၁၀) ရက်ကျော်ကတည်းက ဆိုးဝါးတဲ့ ရောဂါရဲ့ ဖိစီးမှုဒဏ်တွေကို သေလုမျောပါးအလူးအလဲခံစားခဲ့ရပြီးလက်ရှိမှာတော့ သက်သာလာပြီလို့ သိရ ပါတယ်။ ရောဂါဖြစ်နေတဲ့အချိန်မှာ အရမ်းကြောက်ဖို့ကောင်းတာကြောင့် ပြည်သူတွေအားလုံးကိုလည်းကျန်းမာရေးဂရုစိုက်ကြဖို့ ဝေမျှပြောပြထားပါသေးတယ်။ နေမကောင်းတဲ့ (၁၁) ရက်မှာ Fb ကနေသတင်းမေးစိတ်ပူပေးကြတဲ့ ဆွေမျိုးမိတ်ဆွေများရဲ့မေတ္တာဓာတ်လေးတွေကြောင့် (၁၂) ရက်မြောက်နေ့မှာ ကျန်းမာ သက်သာလာပါပြီရှင့် 🙏🏻 တော်တော်အလူးအလဲ သေခါနီးလွတ်မြောက်လာတာပါ အရမ်းကြောက်ဖို့ကောင်းပါတယ်အားလုံးကိုလည်း အထူးဂရုစိုက်ဖို့လည်းပြော ချင်ပါတယ်နောက်နေတွေမှာ ဘေဘီဖြတ်ကျော်လာခဲ့တဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းလေးမျှဝေပေးပါမယ်ရှင့် 🙏🏻

စာလေးတွေ တစ်ယောက်ချင်း reply မပြန်နိုင်တာ နားလည်ပေးပါနော် မန့်ထားတဲ့သူတွေအားလုံးရင်ထဲမှာ မှတ်ထားပါတယ်ရှင့်🙏🏻.. ” ဟုဆိုပြီး ဘေဘီမောင် က ပြောပြထားပြီး ပရိသတ်တွေကလည်း စိတ်ပူစွာ အားပေးထားကြတာလည်း တွေ့ရပါတယ်။ ​ရောဂါပြန့်ပွားမှုတွေ ဆိုးရွားနေပြီး တော်တော်များများကူး စက်ခံနေရတာကြောင့်အခုလိုအချိန်တွေမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံး
လည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit