unicode
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အောင်မြင်မှုတွေအခိုင်အမာနဲ့ ဆယ်စုနှစ် တစ်ခုကြာအနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်အောင်မြင်နေသလို မိန်းကလေးပ ရိသတ်တွေအပြင် ပုရိသပရိသတ်တွေပါဝန်းရံအားပေးကြတဲ့ သင်ဇာဝင့်ကျော်ကိုသိကြမယ်ထင်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး ပြည်သူတွေနဲ့အတူတသားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိသတ်တွေအတွက်လည်း သတင်းအချက်အလက်တွေကို တတ်နိုင်သရွေ့မျှဝေပေးနေတာဖြစ်ပါတယ်..။
မင်းသမီး သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာအနုပညာအလုပ်အချို့ကိုပြန်လည်လုပ်ကိုင်နေပေမယ့်လည်း ဖြစ်ပေါ်နေတဲ့ကပ်ရောဂါအခြေအနေတွေနဲ့ပက်သက်ပြီး စိတ်မကောင်းဖြစ်နေတာပါ။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebook စာမျက်နှာမှာ “ အသက်အရွယ်ကြီးတဲ့သူတွေရော လူငယ်တွေရော အသိ သူငယ်ချင်း မိတ်ဆွေတွေရော ခုရက်ပိုင်းဆုံးတာတွေအများကြီးပဲ ဒီရောဂါကြီးကဒီလောက်တောင်ဆိုးရွားလား အားလုံးအတွက်စိတ်မကောင်းတာထက်ပိုတယ် 😔ကိုယ့်အလှည့်မရောက်သေးပေမဲ့ ဘယ်နေ့ရောက်မလဲရောက်မလဲနဲ့ ရင်တထိတ်ထိတ် ဘုရားရှိခိုးဆုတောင် းရုံမှလွှဲပြီးဘာမှမလုပ်ပေးနိုင်တာ တကယ်စိတ်မ ကောင်းဘူး..။
သေခြင်းတရားကို မသေခင် ဒုက္ခတွေတသီတတန်းကြီးပေးခံပြီး သေခိုင်းနေသလိုပဲ … ကျန်ခဲ့တဲ့သူတွေရော သွားတဲ့သူတွေပါအကုသိုလ် စိတ်တွေနဲ့ ကောင်းတဲ့ ဘုံဘဝရောရောက်မှာလား ? အသက်ရှင်ဖို့ခက်ခဲသလို အသေဖြောင့်ဖို့လဲခက်ခဲလိုက်တာကျမတို့နေနေတာ လူ့ပြည်ရောဟုတ်သေးရဲ့လား ငရဲပြည်ထက် ဆိုးနေ သလိုပဲ နေ့စဉ်စိတ်ပင်ပန်းဆင်းရဲရမှုမျိုးစုံနဲ့ 😞 ဘာပဲဖြစ်ဖြစ် မသေခင်အချိန်အထိတော့ရှိတာလေးနဲ့လုပ်စရာရှိတာလေးတွေ လုပ်သင့်တာလေးတွေလုပ်ရင်း အား တင်းထားပါတယ်လေဒီကပ်ဆိုးကနေ ကျမတို့မြန်မြန်လွတ်မြှောက်ကြပါစေ အားလုံးပဲ အားတင်းထားပါ 🦾🦾🦾….. ” ဟုဆိုပြီးရေးသားထားပါတယ်။ဖတ်ရှူ့
ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit