


Source ; စွယ်စုံသတင်းစုံ

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါအားကောင်းကောင်းနဲ့ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အ ဝရရှိထားတဲ့ သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော် ပဲဖြစ်ပါတယ်။ ကောင်းထက်ဇော် ဟာဆိုရင် မိသားစုပြိုင်ပွဲ ၊ The Money Drop Myanmar (ငွေတွေဝင်) အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်..။

မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်။ လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်က ကိုဗစ် (19) ရောဂါကပ်ဆိုးကြီးကူးဆက် မှုကို ခံနေရပြီး အောက်စီဂျင်အရေးပေါ်လိုအပ်နေတဲ့အတွက် ကောင်းထက်ဇော်ရဲ့အစ်မက အခုလိုပဲ အကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်..။

အဲ့ဒါကတော့ ” ကျွန်မမောင်လေး ကောင်းထက်ဇော်အတွက် အရေးတကြီး Oxygen လိုနေပါတယ်။ လှူတာပဲဖြစ်ဖြစ် ၊ရောင်းတာပဲဖြစ်ဖြစ် အသိမိတ်ဆွေလေး များရှိ ရင် ပြောပေးကြပါလက်လှမ်းမီသလောက် လေးကူညီပေးကြပါ Share ပြီးကူညီပေးကြပါရန်နှင့် ရရှိခဲ့ရင်လည်း 09762711950 လေးကိုဆက် သွယ်ပေးကြ ပါ “ လို့ အမဖြစ်သူက ပြောကြားလာခဲ့ပါတယ်။ ကိုကောင်းကြီးတစ်ယောက် ကိုဗစ်ရာဂါကပ်ဆိုးကြီးကို အမြန်ဆုံးအံတုကျော်လွှားနိုင်ပါစေလို့ဆုတောင်းရင်း ခုနှစ်ရက်သားသမီးအားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးမှအမြန်ဆူံလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း
သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebtiry Platforms