


Credit– Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းသူလေးဖြစ်ပြီး စကားပြောလည်း ပွင့်လင်းသူလေး တစ်ယောက်ပါ။ ဒါ့အပြင် အဆိုတော် သားဂန်း နဲ့အတူ ပျော်ရွှင်စရာအချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်..။

သရုပ်ဆောင် ဘေဘီမောင်က အလုပ်တွေကြိုးစား လုပ်ကိုင်သလို မိဘကိုလည်း လုပ်ကျွေးပြုစုပေးနေတဲ့ သမီး အလိမ္မာလေး တစ်ယောက်ပါ။ ဒါ့အပြင် ဘုရားတရားနဲ့ အလှူအတန်းဆိုရင်လည်း ရှေ့ဆုံးက ပါဝင်တတ်လို့ ပရိသတ်တွေက လေးစားနေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်..။

ဘေဘီက မကြာခင် ရက်ပိုင်းတွေက ကိုဗစ်ရောဂါကူးစက်ခံရပြီး နေမကောင်းဖြစ်ခဲ့တယ်လို့လည်း သိရပါတယ် ။ အခုတော့ ပြန်လည်ကောင်းမွန်လာလို့ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပုံတွေကို Live လေးလွှင့်ကာ ပရိသတ်တွေကို ဗဟုသုတ အနေနဲ့ ဖော်ပြလာပါတယ် ။ ပရိသတ်ကြီးအတွက် ဘေဘီရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်နော်..။

Photo – Baby Maung