


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အလှမယ်တစ်ဦးဖြစ်သလို မော်လ်ဒယ် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဟန်လေးကတော့ လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်ခံနေရ တာ (၁၀) ရက်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ (၅) ရက်နေ့ကတည်းက ရောဂါခံစားနေရတာဖြစ်ပြီး ဆရာဝန်နဲ့သေချာတိုင်ပင်ကာ ကျန်းမာရေးအထူးဂ ရုစိုက်နေသလို အရမ်းလည်း ကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဟန်လေး ကတော့ သူမကိုယ်တိုင်ရောဂါကူးစက်ခံထားရတာကြောင့် အိမ်မှာပဲနေပြီး ဘယ်လိုကူး မှန်းမသိတဲ့လူတွေကို ရောဂါကူးနိုင်တဲ့ အကြောင်းအရင်းတစ်ခု ပြောပြလာပါတယ်..။

လူအများသတိမထားမိတဲ့ ပိုက်ဆံကနေလည်း ကူးစက်နိုင်တာမို့ ပိုက်ဆံတွေကို ဇစ်အိတ်နဲ့ထည့်ပြီး ပိုးသတ်ဆေးဖြန်း အလုံပိတ်ကာ ပိုးသေဖို့တစ်ရက်ထားပြီး နောက်နေ့တွေမှ ထုတ်သုံးဖို့နဲ့ ဖုန်းတွေကို သန့်ရှင်းရေးလုပ်ဖို့ကို သတိပေးပြောပြထားတာ ဖြစ်ပါတယ်။ “ အိမ်ထဲပဲနေတယ် ဘယ်လိုကူးမှန်းမသိ့ဘူးဆိုတဲ့ မေးခွန်းတွေမှာ ( ပိုက်ဆံတွေကကူးပါတယ် လက်ကိုင်ဖုန်းရော ) ကိုယ်တောင် ဘယ်က ကူးမှန်းမသိ့လိုက်ဘူးလေ 😤

ပိုက်ဆံတွေကို ဇစ်အိတ့်လေးနဲ့ထည့်ပီး အရက်ပျံဆေးဖြန်းပီး အလုံပိတ့်ထားပါ တစ်ရက်စာပေါ့ နောက့်နေ့မှ ပိုသေတာမို့ ထုတ်သုံးလို့ရပါတယ် ပီးတော့ လက်ကို ဆေးပီး ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့မေ့နေတတ်ကြလို့ပါ ဖုန်းကိုလည်း ဖြန်းပေးပါ အားလုံးပဲ ဘေးကင်းကြပါစေ ဂရုစိုက်ကြပါ 🙏🏻.. ” ဟုဆိုပြီး ဟန်လေး ဆုတောင်းရင်း သတိပေးပြောပြထားတာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေမှာ အရမ်းကို ကူးစက်မြန်ပြီး ဘယ်က ဘယ်လို ကူးလဲ မသိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အစစရာရာသတိထားဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို
ုပိုင်ဆိုင်နိုင်ကြပါစလေို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit