Source ; May Madi Facebook Acc
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အမျိုးသမီးတေးသံရှင်မေမဒီဟာဆိုရင် သီချင်းဆိုပြိုင်ပွဲတစ်ခုမှတစ်ဆင့် ဂီတလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းလာတာဖြစ်ပြီး သီချင်းကောင်းလေးတွေကို အသံချိုချိုအေးအေးလေးနဲ့ သီဆိုတတ်တဲ့အဆိုတော်တစ်ဦးဖြစ်တဲ့အတွက် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရ ရှိထား တာပဲဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်မေမဒီက ဖေဖော်ဝါရီလမှစတင်ပြီး ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တာဖြစ်ပြီး အနုပညာရှင်ညီအစ်ကိုမောင်နှစ်မတွေနဲ့အတူ လမ်းပေါ်ထွက်ပြီးတက်တက်ကြွကြွနဲ့ဆန္ဒဖော်ထုတ်ခဲ့ကြတာပဲဖြစ်ပါတယ်..။
လက်ရှိမြန်မာနိုင်ငံမှာဆိုရင် ကိုဗစ်ရောဂါကပ်ဆိုးကြီးဟာ ပြန့်နှံံ့နေတာဖြစ်ပြီး ဒီရောဂါကြီးကြောင့် မထင်မှတ်ပဲလူ့လောကကြီးကနေ နှုတ်ဖက်သွားခဲ့တဲ့သူတွေ လည်းအများအပြားရှိနေတာပဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး မေမဒီက သူမချစ်တဲ့ပရိတ်သတ်တွေကို အားပေးစာလေးတစ်ဆောင်ရေးလာခဲ့တာပဲဖြစ်ပါ တယ်။ “ ကျမ # ချစ်ရတဲ့သူ များဆီသို့ အားပေးစာ…..🖤🌻ကျမချစ်ရပါသော ကျမကို ချစ်သောသူများရှင့် 🤗ကျမကို သစ္စာဖောက်ပြီး ထားခဲ့ရင် ကျမ အရမ်းကိုစိတ်ဆိုးမှာ ဖြစ်ပါတယ် ☹️ကျမလဲ ရှင်တို့ကို ထားမသွားဘူးလို့ ကတိပေးတယ်😉တခုခုဖြစ်ခဲ့ရင်တောင် ငါ့ကို စိတ်ဆိုးမယ့်လူရှိတယ် နေကောင်းမှဖြစ်မယ်ဆိုတဲ့ အတွေးလေးတော့ ကျမအတွက်ထားပေးပါ 😍ကျမက စိတ်ပူတက်တယ် ဝမ်းနည်းလွယ်တယ် 😔
ဒါကြောင့်ကျမကိုချစ်တဲ့စိတ်လေးနဲ့ နေကောင်းအောင်နေမယ်လို့ ကတိပေးပါ ငလူး Covid 19 ကိုအလဲထိုးပေးပါ 😉🙏 ခုချိန်နေမကောင်းဖြစ်နေရင်လဲ နေပြန်ကောင်းအောင် ကြိုးစားပြီး အစားတွေစားပါ အားရှိအောင်နေပါ ☺️ စိတ်ညစ်ရမယ့်အရာတွေမေ့ထားပြီးတော့ပျော်စရာတွေတွေးပေးပါ (ဥပမာ – ကျမ မျက်နှာလေးကို မြင်ယောင်ကြည့်နေတာမျိုးပေါ့ ) 😝😇😘 ရှင်တို့ကို ဘယ်သူမှမချစ်ရင်တောင် ကျမချစ်တယ်ဆိုတာလေး ယုံပေးပါ 😍 ရောင်နီသာရင် ကျမပြန်လာခဲ့ပါမယ် 🙏 နောက်ထပ်ဘယ်သူ့ကိုမှ အဆုံးအရှုံးမခံနိုင်သောကောင်မလေး 🌻မေမဒီ🌻 # withlove # mmd#savemyanamar #StaySafe ” ဟုဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသာလာခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိ်ုင်
ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Celebrity Platforms