ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကောင်းပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်ရရှိခဲ့တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးချောလေး ဖွေးဖွေး ဟာဆိုရင် အောင်မြင်မှုတွေနဲ့အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းခဲ့တာ ယနေ့ထိတိုင်ပါပဲနော်။အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်း ဖွေးဖွေး ကပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်.။ဖွေးဖွေး ဟာဆိုရင် နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှာလည်း တက်တက်ကြွကြွနဲ့လမ်းမပေါ်ထွက်ကာလွတ်လပ်စွာနဲ့ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်…။
အဲ့ဒီလို လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က)နဲ့ဝရမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်နော်။ ဒီကနေ့မှာတော့ ဖွေးဖွေးက April ၃ရက်နေ့ထဲ က အိမ်ကိုရဲတွေ ဝင်ဖမ်းဖို့ကြိုးစားတော့ မိသားစုလိုက် ပြေးနေရတာမို့ ပရိတ်သတ်တွေက သူမကိုနားလည်ပေးဖို့နဲ့နေရာအနှံ့ကူးစက်ပြန့်ပွးနေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးကို အတူတူရင်ဆိုင်ဖေတ်ကြဖို့ကိုလည်း အခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်…။
“ကိုယ့်လူတွေ R.I.P ဖြစ်နေကြရပြီ….ကိုယ်လဲ ဖြစ်သွားနိုင်တာပဲမို့…လောကကြီးက ဘာတွေဖြစ်နေမှန်း စဉ်းစားရင်းခေါင်းရှုပ်လာပေမယ့်…ချစ်တယ် …ပြန်ဆုံကြမယ် …စိတ်မလျှော့လိုက်ကြနဲ့နော် …💪🤍✨အရာအာလုံးကို စိတ်တူသူတွေ အားလုံး တူတူ ရင်ဆိုင်ကြမယ်…ဘာပဲဖြစ်ဖြစ် ….”ပြန်ဆုံ” ကြရမယ် လို့တွးထားပေးပါ…#ဖွေးဖွေး #BurmeseActressPPပုံလေးက အားလုံးစိတ်ညစ်နေရတာတွေ ခဏတာပဲဖြစ်ဖြစ်ပျောက်အောင် ပါနော်April ၃ရက်နေ့ထဲ က အိမ်ကိုရဲတွေ ဝင်ဖမ်းဖို့ကြိုးစားတော့ မိသားစုလိုက် ပြေးနေရတာပါနားလည်ပေးပါ.. ပစ်ထားတာ မဟုတ်ရပါဘူးကွယ်..#Phway_Phway See Less “ဆိုပြီး ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။ပရိတ်သတ်တွေကလည်း ဖွေးဖွေး ကိုနားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ခုနှစ်ရက်သားသမီးအားလည်း ကိုဗစ်ရောဂါဆိုးကြီးမှကင်းဝေးပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်..။
Source ; စွယ်စုံသတင်းစုံ
Credit ; Celebrity Platforms