


Credit

ချစ်လှစွာသော ပရိသတ်ကြီးရေ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့ဇာတ်ရံနေရာက ပါဝင်သရုပ်ဆောင်နေကျ မင်းသမီးတစ်ဦးဖြစ်တဲ့ လမင်းကဗျာ ကတော့ အခုလက်ရှိမှာအပြင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။သူကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားတဲ့ ဆိုင်လေးကတော့ နေရာတစ်ခုရနေချိန်မှာပဲ ကိုဗစ်ကြောင့်ပိတ်လိုက်ထားရပါတယ်…။

ဒါပေမဲ့ ကိုဗစ်အစပိုင်းမှာတော့ အော်ဒါတွေနဲ့ လည်ပတ်နေတာကိုတွေ့ရပြီး လမင်းကဗျာ ကတော့ ပြန်မရတဲ့ ဝန်ထမ်းတွေကို တာဝန်ယူပေးမယ်လို့ ဆိုထားတာပါ။သူနဲ့ပတ်သတ်တဲ့ သတင်းမှန်သမျှကိုလည်း အချက်ကျကျ ပြန်လည်ဖြေရှင်းတတ်တဲ့ လမင်းကဗျာ ကတော့ အခုလို ကိုဗစ်ကာလကြီးမှာ အလှူခံတာတွေ ချေးငှားတာတွေကို မငြင်းချင်လို့ ကြိုသတိပေးထားတဲ့ Postလေးကိုသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ထားခဲ့တာပါ…။

လမင်းကဗျာ ကတော့” ဒီကာလ မှာ ပိုက်ဆံ လာမချီးကြပါနဲ့နော်။အလှူလဲ လာမခံကြပါနဲ့နော်။လှူတယ်ဆိုတာကလဲလေ ကိုယ်ကိုယ်တိုင် မျက်မြင် စေတနာပါပီး လှူချင်စိတ်ပေါက်မှလှူ ဖြစ်တာမို့လို့ပါ။ငြင်းရမှာလဲ အားနာလို့ ကြိုပြောထားပါရစေနော် ။အားနာပီးလဲ မချီးချင်သလိုအားနာပီးလဲ မလှူချင်ဘူး ကုသိုလ်မရဘူးလေနော်” လို့ပွင့်ပွင့်လင်းလင်းပြောဆိုထားတာပါ။ဒီကာလမှာ အားလုံး ကိုယ့်အခက်အခဲနဲ့ ကိုယ်မို ့လမင်းကဗျာ ရဲ့ postလေးကို ပရိသတ်တော်တော်များများထောက်ခံနေကြတာပါ။ အားလုံးလည်း ဒီလို အကျပ်အတည်းကာလကြီးကို မြန်မြန် ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…။

Credit