ချစ်လှစွာသော ပရိတ်သတ်ကြီးရေ လတ်တလောအခြေအနေမှာ အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် ရောဂါဝေဒနာခံစားနေ ရတဲ့ပြည်သူတွေအတော်လေးကို သောကတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အောက်ဆီဂျင် အိုးလိုအပ်နေကြသူများက ပုံမှန်ဈေးထက်ငွေကြေးမြောက်မြားအကုန်အကျခံကာရှာဖွေ ဝယ်ယူနေမှုတွေကြောင့် မသမာသူတွေတစ်ချို့က ငွေတွေလိမ်လည်သွား ကြတာကိုလည်းစိတ်မကောင်းစွာမြင်တွေ့နေရပါတယ်။ မနေ့ညက သရုပ်ဆောင် နှိုင်းရှင်မြင့် မိုရ်ရဲ့လူမှုကွန်ယက်တွင် အောက်ဆီဂျင်ဝယ်လို့ ရတယ်ဆိုပြီး လိမ်လည်သွားသူနဲ့ ပြောထားခဲ့တဲ့ သက်သေများအား ပရိသတ်တွေသိရှိစေဖို့ ချပြလာခဲ့ တာ ဖြစ်ပါတယ်..။

အောက်ဆီဂျင်အိုးတွေကို ဝယ်ယူလှူဒါန်းလို့ ရတယ်ဆိုပြီးထိုလူလိမ်မှ နှိုင်းရှင်ထံသို့ လာရောက်ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ သူမ အကောင့်နဲ့ အလွဲသုံးစားလုပ် မှာ စိုးရိမ်တဲ့ အတွက်ငွေတွေကြိုမလွှဲပေးဖို့ ပစ္စည်းရောက်ငွေချေစနစ် စရံကြိုပေးစရာ မလိုပါလို့ Facebook တွင်ပို့စ်တင်ပြီး ရေးသားပေးခဲ့ပါတယ်။နှိင်းရှင် ကိုယ်တိုင်အော်ဒါ တင်ပေးသူတွေတစ်ယောက်မှ ပိုက်ဆံကြိုမလွှဲလိုက်ကြတာကြောင့် ကံကောင်းသွားခဲ့ပါတယ်။ ပစ္စည်း ရောက်မှေငွချေဖို့ကိုလည်း နှိုင်းရှင်ရဲ့ post တွင်ထည့်ရေးပေးထားတာ ဖြစ်ပါတယ်..။

မနက်ကျတော့သူမအသိတွေဆီ အိုးတစ်ယောက်ဆီကိုမှ မရောက်ဘဲအော်ဒါအသစ်သူ့ဆီတိုက်ရိုက်သွားတဲ့ လူတွေဆီကိုတော့ငွေတွေကြိုလွှဲခိုင်းခဲ့ပါတယ်။ ဒီသတင်းကို သူငယ်ချင်း တစ်ယောက်က လာပြောတဲ့အတွက် တစ်ချို့လူတွေရဲ့ငွေတွေကို အချိန်မှီ ပြန်လွှဲခိုင်းတာ ပြန်လွှဲပေးသွားခဲ့ပါတယ်။လူတွေအားလုံး အခုလို ဆင်းရဲဒုက္ခရောက်နေချိန်မှာ ငွေတွေလိမ်လည်သွားသူကို ကျိန်စာမတိုက်ဘဲ မေတ္တာပို့ပေးနေကြောင်းကို လည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်..။

” ကဲ မထင်မှတ်လောက်တဲ့ မိန်းမဆန်ဆန်အသံသေးသေးလေး နဲ့ အသံပိုင်ရှင်ညီမလေးကျိန်စာလည်းမတိုက်ဘူးဆုလည်းမေတာင်းပေးပါဘူး ငါ့ညီမ လိမ်လို့ရသေလာက် လိမ်သွားခဲ့ပြီ….လူတွေအားလုံးရဲ့ အသက်သောကမျက်ရည်တွေ ငါ့ညီမဆီအကြွေး ဆပ်လိုကိကြပြီ။ဒီဘဝ ‌အစ်မတို့ဆပ်လိုက်ကြတဲ့အကြွေးေ ဟာင်းကိုယူပြီး ဒီဘဝမှာ ပျော်ရွှင်စွာ မြိန်ယှက်စွာ စားသုံးပါနော် 😏 နောင်ဘဝ အတွက်လည်း ကြွေးသစ်ယူသွားပါ ညီမရေေ တ်ာတော်ကြောက်ဖို့ကောင်းပြီး လူတွေ ဒုက္ခအကြီးအကျယ်ရောက်နေချိန်မှာ လိမ်ရဲတဲ့ စိတိဓာတ်ကိုတော့ အရမ်းအံ့ ဩမိတယ်…

ဘယ်လို စိတ်မျိုး နှလုံးသား မျိုးနဲ့များလူဖစ်လာသလဲ ညီမရေ…ထားလိုက်ပါ ဒီဘဝမှာ ညီမအေးချမ်းပါစေ…ဒီဘဝမှာ ညီမပျော်ရွှင်ပါစေ…ဒီဘဝမှာ ညီမ ဒီရောဂါကြီးကကင်းပြီး အသက်ရှင်ကျန်ရစ်ပါစေ ညီမရေ ….အစ်မတို့မေတ္တာပို့နေပါပြီ….ငါ့ညီမကို 🙏🙏🙏 ကျွန်မရဲ့ အားနာတဲ့စိတ် သနားတဲ့စိတ် လူတွေကို ကူညီလွန်းအား ကြီးတဲ့စိတ်လှူချင်ပေးကမ်းချင်တဲ့စိတ်တွေ ကိုခုတုံး လုပ်သွားတာပါ…ကိုယ်စောင့် နတ်ကတော့အမြဲသတိပေးနေတယ်…ညက တင်ရမလို မတင်ရမလိုနဲ့ ဇဝေဇဝါဖစ်နေတယ်….

ဪ ငါတင်ပေးလိုက်ရင် လူတွေဈေးသက်သက်သာသာနဲ့ ရသွားမယ်…ရောင်းပြီးသွားရင် မဝယ်နိုင်တဲ့ သူတွေကို ထပ်လှူပေးမယ် ဆိုတော့ ကိုယ်မလှူနိုင်ပေမယ့် တစ်ဖက်တစ်လမ်းက ငါကူညီ ပေးရာရောက်ပါတယ်ဆိုပြီး တင်ပေးလိုက် မိတယ်…ဘာအခကြေးငွေမှမယူပါဘဲ…..ဒါပေမယ့် ငွေကြိုမလွှဲဖို့စရံမလွှဲဖို့ ကျွန်မအ ထပ်ထပ် ရေးထား ခဲ့ပါတယ်.။ တချို့တွ အရမ်း လိုအပ်နေတဲ့သူတွေရဲ့ စိတ်တွေကို ခုတုံးလုပ်ပြီး ကိုယ်မသိအောင် ငွေတွေကြိုတောင်းနေတယ်ဆိုပြီး သတင်းတွေ လာပေးကြတော့ နေ့လည်ထဲက ရင်တမမနဲ့ ငါ့ကို ဘယ်အချိန် Block မလဲလို့စောင့်ေ နတာပါ…. 😏😏😏

အိုကေညီမလေး သံသရာမှာ ပြန်တွေ့ကြတာပေါ့ 🙏🙏🙏 သူ့အကောင့်ထဲမှာတော့ ဒီကောင် မလေးပုံတင်ထားတာ တွေ့ပါတယ် သူများပုံယူသုံး ထားလား သူ့ပုံအစစ်လားတော့မသိပါဘူး ” ဟုဆိုပြီး အလိမ်ခံခဲ့ရတဲ့ အကြောင်းအားသေချာ ရှင်းပြထားတာ ဖြစ်ပါတယ်။ ဒီကာလမှာ လူတွေ ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး လိမ်လည်နေကြသူတွေများစွာ ရှိနေကြပါတယ်။ စိတ်ချယုံကြည် လို့ရသူတွေထံမှသာ အောက်ဆီဂျင်အိုးတွေ ဝယ်ယူကြပါရန်နဲ့ လိမ်လည် သူတွေရဲ့ ဒုက္ခမှကင်းဝေးကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်
ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit