ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ ဒီကာလမွာ ရာသီတုတ္ေကြးနဲ႔အတူ ကိုဗစ္ေရာဂါပိုးကလည္း လူ႔ခႏၶာကိုယ္ထဲသို႔ ကူးစက္ပါလာေနတာ ျဖစ္ပါတယ္။ ဘယ္လို အေၾကာင္းေၾကာင္းေၾကာင့္ ေနမေကာင္းတာ ျဖစ္ေနပါေစ ဂ႐ုတစိုက္နဲ႔ ေနထိုင္ၾကဖို႔ လိုအပ္လွပါတယ္။ ကိုယ္ခံအားေကာင္းမြန္ရန္အတြက္ အားရွိတဲ့ အစားအ ေသာက္မ်ားကို စားေပးၿပီး က်န္းမာေရးအတြက္ေလ့က်င့္ခန္းမ်ား ေန႔စဥ္ျပဳလုပ္ေပးၾကမွသာ ေရာဂါဘယမ်ား ကင္းေဝးပေပ်ာက္ေစမွာ ျဖစ္ပါတယ္..။

သ႐ုပ္ေဆာင္ ေမထြဋ္ေခါင္ရဲ့ ခင္ပြန္းဟာလည္း မၾကာေသးခင္ ရက္ပိုင္းေလာက္က အေတာ္ေလးကို ေနမေကာင္းျဖစ္ခဲ့တာ ျဖစ္ပါတယ္။ အစားလုံးဝမဝင္ေတာ့တဲ့ အထိျဖစ္သြားခဲ့တာေၾကာင့္ ခင္ပြန္းကို ဆုံးရႈံးလိုက္ရၿပီလို႔ေတာင္ ထင္ခဲ့မိတာပါ။ စကားေတာင္ မေျပာနိုင္တဲ့အတြက္ ေရေသာက္ခ်င္ရင္ေတာင္ message ပို႔ၿပီး မွာရတဲ့ အေျခအေနထိ ျဖစ္သြားခဲ့ပါတယ္။ ဒီလိုအေျခအေနဆိုးႀကီးကေန လြတ္ေျမာက္ေအာင္ ေမထြဋ္ေခါင္တစ္ေယာက္ ခင္ပြန္းအတြက္ ေန႔စဥ္အာဟာရရွိ ေစ မယ့္ အစားအေသာက္ေတြသာ ခ်က္ျပဳတ္ေကၽြးေမြးခဲ့တာ ျဖစ္ပါတယ္..။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ေမထြဋ္ေခါင္ရဲ့ လူမႈကြန္ယက္တြင္ ဖ်ားၿပီး အစာလုံးဝမဝင္ေတာ့တဲ့ခင္ပြန္းျဖစ္သူအား နလန္ျပန္ထူလာနိုင္ေစဖို႔ အားရွိ ေအာင္ ခ်က္ျပဳတ္ ေကၽြးေမြးေနပုံေတြကို အမွတ္တရဗီဒီယိုဖိုင္ေလး ရိုက္ကူးၿပီး ပရိသတ္ေတြကို ေဝမၽွေပးထားတာ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူ အားရွိေစဖို႔ မနက္တစ္ႀကိမ္ ၊ ညတစ္ႀကိမ္ ၾကက္ေပါင္းကို ကိုယ္တိုင္ေပါင္းၿပီး ေကၽြးျဖစ္ခဲ့ေၾကာင္း ရွင္းျပထားပါတယ္..။

ဒီနည္းလမ္းေလးဟာ သူမရဲ့ ဖခင္ေနမေကာင္းျဖစ္စဥ္က လုပ္ေကၽြးခဲ့တဲ့ နည္းေလးျဖစ္ေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။ ၾကက္ေပါင္းလုပ္ေကၽြးၿပီး ႏွစ္ ရက္ေျမာက္ေန႔မွာေတာ့ အခန္းထဲမွ ခင္ပြန္းရဲ့ အသံကို စတင္ၾကားလိုက္ရတဲ့အတြက္အရမ္းကို ဝမ္းသာခဲ့ရေၾကာင္းကိုလည္း ေရးသားထားပါတယ္။ ၾကက္ေပါင္းနဲ႔ ၾကက္ျပဳတ္ဟာ အာနိသင္ လုံးဝမတူဘဲ ကြဲျပားၿပီး အားျပည့္တာခ်င္းလည္း မတူေၾကာင္း ရွင္းျပထားပါတယ္။ ပရိသတ္ေတြ ၾကက္ေပါင္းနဲ႔ ၾကက္ျပဳတ္မကြဲ မွာစိုး တဲ့အတြက္ ဗီဒီယိုဖိုင္ေလးျဖင့္ တင္ေပးလာတာ ျဖစ္ပါတယ္။ အားလုံးလည္း ေသခ်ာေလ့လာ မွတ္သားလို႔ရရွိနိုင္ေစဖို႔ ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိ္ုင္ပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source and Photo Crd-May Htut Khaung’s Facebook Account

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဒီကာလမှာ ရာသီတုတ်ကွေးနဲ့အတူ ကိုဗစ်ရောဂါပိုးကလည်း လူ့ခန္ဓာကိုယ်ထဲသို့ ကူးစက်ပါလာနေတာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင်းကြောင့် နေမကောင်းတာ ဖြစ်နေပါစေ ဂရုတစိုက်နဲ့ နေထိုင်ကြဖို့ လိုအပ်လှပါတယ်။ ကိုယ်ခံအားကောင်းမွန်ရန်အတွက် အားရှိတဲ့ အစားအ သောက်များကို စားပေးပြီး ကျန်းမာရေးအတွက်လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ပေးကြမှသာ ရောဂါဘယများ ကင်းဝေးပပျောက်စေမှာ ဖြစ်ပါတယ်..။

သရုပ်ဆောင် မေထွဋ်ခေါင်ရဲ့ ခင်ပွန်းဟာလည်း မကြာသေးခင် ရက်ပိုင်းလောက်က အတော်လေးကို နေမကောင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အစားလုံးဝမဝင်တော့တဲ့ အထိဖြစ်သွားခဲ့တာကြောင့် ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီလို့တောင် ထင်ခဲ့မိတာပါ။ စကားတောင် မပြောနိုင်တဲ့အတွက် ရေသောက်ချင်ရင်တောင် message ပို့ပြီး မှာရတဲ့ အခြေအနေထိ ဖြစ်သွားခဲ့ပါတယ်။ ဒီလိုအခြေအနေဆိုးကြီးကနေ လွတ်မြောက်အောင် မေထွဋ်ခေါင်တစ်ယောက် ခင်ပွန်းအတွက် နေ့စဉ်အာဟာရရှိ စေ မယ့် အစားအသောက်တွေသာ ချက်ပြုတ်ကျွေးမွေးခဲ့တာ ဖြစ်ပါတယ်..။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေထွဋ်ခေါင်ရဲ့ လူမှုကွန်ယက်တွင် ဖျားပြီး အစာလုံးဝမဝင်တော့တဲ့ခင်ပွန်းဖြစ်သူအား နလန်ပြန်ထူလာနိုင်စေဖို့ အားရှိ အောင် ချက်ပြုတ် ကျွေးမွေးနေပုံတွေကို အမှတ်တရဗီဒီယိုဖိုင်လေး ရိုက်ကူးပြီး ပရိသတ်တွေကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ အားရှိစေဖို့ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ကြက်ပေါင်းကို ကိုယ်တိုင်ပေါင်းပြီး ကျွေးဖြစ်ခဲ့ကြောင်း ရှင်းပြထားပါတယ်..။

ဒီနည်းလမ်းလေးဟာ သူမရဲ့ ဖခင်နေမကောင်းဖြစ်စဉ်က လုပ်ကျွေးခဲ့တဲ့ နည်းလေးဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ ကြက်ပေါင်းလုပ်ကျွေးပြီး နှစ် ရက်မြောက်နေ့မှာတော့ အခန်းထဲမှ ခင်ပွန်းရဲ့ အသံကို စတင်ကြားလိုက်ရတဲ့အတွက်အရမ်းကို ဝမ်းသာခဲ့ရကြောင်းကိုလည်း ရေးသားထားပါတယ်။ ကြက်ပေါင်းနဲ့ ကြက်ပြုတ်ဟာ အာနိသင် လုံးဝမတူဘဲ ကွဲပြားပြီး အားပြည့်တာချင်းလည်း မတူကြောင်း ရှင်းပြထားပါတယ်။ ပရိသတ်တွေ ကြက်ပေါင်းနဲ့ ကြက်ပြုတ်မကွဲ မှာစိုး တဲ့အတွက် ဗီဒီယိုဖိုင်လေးဖြင့် တင်ပေးလာတာ ဖြစ်ပါတယ်။ အားလုံးလည်း သေချာလေ့လာ မှတ်သားလို့ရရှိနိုင်စေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိ်ုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; MMLoad