


Credit

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့ အနက်မှ အသံပါဝါအားကောင်းကောင်းနဲ ့ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ သူကတော့ အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော် ပဲဖြစ်ပါတယ်နော်။ကောင်းထက်ဇော် ဟာဆိုရင် မိသားစုပြိုင်ပွဲ၊ The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်…။

မြန်မာပြည်မှာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ်ကြောက်လန့်နေကြရပြီးတစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော် က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးကူးဆက်မှုကိုခံနေရတာပဲဖြစ်ပါတယ်နော်…။

ကောင်းထက်ဇော် ဟာ လက်ရှိ အင်းလျားစင်တာတွင်ကုသမှုခံယူနေရပြီး ဇူလိုင်လအစပိုင်းကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ကိုကောင်းကြီး ကွယ်လွန်သွားပြီဆိုတဲ့သတင်းမှာတွေကို ဓာတ်ပုံနဲတကွကောင်းထက်ဇော် ရဲ့လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြလာတာပဲဖြစ်ပါတယ်နော်။“ကောင်းကြီးရဲ့လက်ရှိ အခြေအနေပါ။ သတိရ စကား ပြောနိုင်နေပါပြီ။ အားလုံး စိတ်ဒုက္ခရောက်နေကြတဲ့ ဒီအချိန်မှာ မသေချာဘဲနဲ့ လျှောက်မတင်၊ မ share ကြသင့်ပါဘူး”လို့ ကောင်းထက်ဇော်ရဲ့ မိတ်ဆွေ ကိုဖိုးနီက ဆိုပါတယ်။ ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး အခြေအနေဟာ မနက်ဖြန် စင်တာကနေ ဆေးရုံသို့ ရွှေ့ရမှာဖြစ်ပြီး၊ အဆုတ်ကို ဆက်လက် ကုသရမယ်လို့ သိရပါတယ်…။

Credit