

လိုက်ပါတယ်နော်..။

unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ ဦးတီနဲ့ တီဝဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူချစ် အနုပညာရှင်နှစ်ဦးဟာ လက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားနေရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာလည်း အခုထိမပါသေးဘဲ ထောင်ထဲမှာ အခက် အခဲများစွာနဲ့ နေနေကြရပါတယ်..။

ပရိသတ်များကလည်း သူတို့ ချစ်ရတဲ့ အနုပညာရှင်နှစ်ဦး ဒုက္ခရောက်နေကြတာကို ဘယ်နည်းနဲ့မျှ မကြည့်ရက်ကြပါဘူး။ အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်မြင်ရဖို့ ကိုလည်း ပရိသတ်တွေက မျှော်လင့်မေကြပါတယ်။ အကျဉ်းထောင်တွေထဲမှာလည်း ကိုဗစ်ရောဂါများ ဖြစ်ပွားနေပြီး မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူများနဲ့ အနုပညာရှင်များရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ အနေအထား ရောက်နေပါပြီ..။

လတ်တလောမှာ မအူဝဲတစ်ယောက် နေမကောင်းဖြစ်နေကြောင်း သတင်းကျယ်ကျယ်ပြန့်ပြန့် ထွက်ရှိနေပါတယ်။ နှလုံးအားနည်းခြင်း ၊ကျောက်ကပ်အားနည်းခြင်း စတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ သိရှိရပြီး ကောင်းမွန်တဲ့ဆေးကုသမှုတွေ ခံယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ပရိသတ်ကြီးလည်း မအူဝဲ နေအမြန်ကောင်းဖို့ ဆုတောင်းပေးလိုက် ကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး
လိုက်ပါတယ်နော်..။

Credit ; CeleLucky