


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချောနေတိုးဟာဆိုရင် ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင် ချက်တွေနဲချောမော ခန့်ငြားလွန်းတဲ့ ရုပ်ရည်အသွင်အပြင်ကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝ အခိုင်အမာရရှိထားတဲ့ထပ်ဆင့်အကယ်ဒမီးမင်းသားပဲဖြစ်ပါတယ်။ နေတိုးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်..။

နောက်ပိုင်းဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် လူထုလှုပ်ရှားမှုမှာမပါဝင်နိုင်ပေမယ့်လဲနေတိုးက တတ်နိုင်တဲ့ဘက်ကနေအလှူအတန်းတွေပြုလုပ်ပေးနေပါတယ် ။ယခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့ နေရာတော်တော်များများတွေမှာ ကူးစက်ပျံ့ပွားမှုတွေဟာတစ်နေ့ထက် တစ်နေ့များပြားလျက်ရှိနေပါတယ်..။

အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးရတဲ့ပြည်သူများလဲများပြားလာပါတယ်။ ပရဟတိအသင်းသားများကလဲ အလှူရှင်များထံအလှူငွေေ တွကောက်ခံပြီးလိုအပ်နေတဲ့အောက်ဆီဂျင် ရရှိဖို့အတွက်ကြိုးစားပေးနေကြပါတယ်။ ယခုတစ်ခါဆိုရင်လဲနေတိုးက ညီလေးမင်းသွေးအတွက်ရည်စူးပြီး အောက်စီ ဂျင်ဝယ်ယူရန်အတွက်အလှူငွေကျပ်သိန်း (၂၀) ကို မိသားစုနဲ့ပူးပေါင်းပြီးလှူဒါန်းခဲ့ပါတယ်။ ကိုနေတိုးလဲဒီထက်မကလှူဒါန်းနိုင်ပြီးပြည် သူများလဲကပ်ဘေးဆိုးကနေ အမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit