


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော်ဖြူဖြူကျော်သိန်း ကထူးခြားတဲ့အသံတွေနဲ့အတူ အမိုက်စားတေးသီချင်းကောင်းများစွာကို သီဆိုထားပြီးပရိတ်သတ် တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်..။

ဖြူဖြူကျော်သိန်း ကမကြာခဏဆိုသလို တန်းဖိုးရှိတဲ့စာသားများနဲ့ဗွီဒီယိုများကိုသူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာဖော်ပြလေ့ရှိပါတယ်။ စိတ်ထားကောင်း လွန်းတာကြောင့်လဲပရိတ်သတ်ကြီးတွေကပိုပြီးအားပေးချစ်ခင်နေရပါတယ်..။

ဖြူဖြူကျော်သိန်း ကဒီပုံလေးရိုက်ခဲ့တဲ့နေ့တုန်းကမောင်နှမ (၂) ယောက်သားတစ်နေ့ကျကိုယ်လည်း ဝရမ်းပြေးဖြစ်မယ်မတွေးမိခဲ့သလို သူလည်းမတရား ထောင်ချခံရမယ်လို့မစဉ်းစားမိခဲ့ကြဘူး။ IceCreamSandwich တွေစားပြီး Shooting တစ်ဖွဲ့လုံးပျော်နေခဲ့ကြတာ၊ January လကုန်ခါနီးကပေါ့၊ ဒီနေ့ကြား ရတဲ့အင်းစိန်ထောင်ထဲကသတင်းတွေကလည်းမကောင်းတော့ ငါ့မောင်လေးကျန်းမာဘေးကင်းပါစေလို့ ဆုတောင်းပေးရုံကလွဲဘာမှမတတ်နိုင်ဘူးရယ် ဆိုပြီးတော့ သူမရဲ့ Instagram အကောင့်မှာရေးသားဖော်ပြထားပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ
လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit