


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းမော်ကွန်း ကတော့တစ်ခေတ်တစ်ခါကအောင်မြင်ပြီးသားဖြစ်တဲ့အပြင် သရုပ်ဆောင်ကောင်းပြီး စိတ်ထား ကောင်းတာကြောင့်ပရိတ်သတ်ကြီးတွေရဲ့ အားပေးမှုကိုယနေ့ထိရရှိနေဆဲပဲဖြစ်ပါတယ်။ မင်းမော်ကွန်း သရုပ်ဆောင်နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း ၊ရဲလေး တို့နဲ့နှင်းဆီအငြိမ့်လူရွှင်တော်အဖွဲ့မှာလဲပါဝင်ထားပါသေးတယ်။ မင်းမော်ကွန်း ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ပါတယ်..။

မင်းမော်ကွန်းကတော်လှန်ရေးကြီးမှာပါဝင်ခဲ့တဲ့ အတွက်ကြောင့်ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်မတရားအရေးယူထားခြင်းခံရတာကြောင့် မိသားစုနဲ့ဝေးရာကို တိမ်း ရှောင်နေရပါတယ်။ တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲ လူမှုကွန်ယက်စာမျက်နှာထက်ကနေပြည်သူတွေခွန်အားဖြစ်စေမယ့် စာသားတွေကို ရေးသားဖော်ပြ လေ့ရှိပါတယ်။ အခုတစ်ခါဆိုရင်လဲမင်းမော်ကွန်းရဲ့အကြောင်းကိုပြည်သူတစ်ဦးကအခုလိုပြောကြားထားပါသေးတယ်..။

ဒါကတော့သူနဲ့ကျွန်တော် အနုပညာနယ်ပယ်ထဲမှာစဆုံတော့ သူကငယ်ရွယ်သလောက်အောင်မြင်ကျော်ကြားနေပါပြီ၊ ကျွန်တော်သူနဲ့အတူဗီဒီယိုဇာတ်ကား အတော်များများဖန်တီးရိုက်ကူးခဲ့တယ်။ ပြီးတော့လည်းကျွန်တော်လိုချင်တဲ့ Action တစ်ခုကို Pro ကျကျ သရုပ်ဆောင်ပြသွားတယ်၊ ဇာတ်ကားရိုက်နေရင်း ခဏလေးအားလပ်တဲ့အချိန်လေးမှာတောင် သီချင်းတွေကြိတ်ရေးနေတတ်တဲ့သူ ၊မိသားစုကိုသိပ်ချစ်တတ်သူလဲဖြစ်ပါတယ် ၊သူဟာနိုင်ငံရေးနားလည်တဲ့ ဖခင်တစ် ယောက်ရဲ့သားအဖြစ်မွေးလာခဲ့သူ ၊သူကဓမ္မကိုချစ်မြတ်နိုးတယ် ဟုဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်
ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit