


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဂီတမှတ်တိုင်ကြီးကြီးမားမားကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံ့တေးသိန်းတန်ကတော့ လူသေ သွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန် ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်..။

ရွှေရည်သိန်းတန်ဟာဆိုရင် မင်းသားနေလနဲ့အိမ်ထောင်ကျပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အိမ်ထောင်ရေးမှာကံကောင်း သူတစ်ယောက်လည်းဖြစ်ပါတယ်။ ရွှေရည်သိန်းတန်ရဲ့ခင်ပွန်းကိုနေလဟာဆိုရင် ဒီကနေ့ဇူလိုင်လ (၂၆) ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွား တာပဲဖြစ်ပါ တယ်..။

ဇနီးအပေါ်မှာအရမ်းကိုချစ်တတ်တဲ့ ကိုနေလ ကွယ်လွန်သွားင်္ပြီဆိုတဲ့သတင်းကိုကြားကြားချင်းမှာပဲ ခင်မင်သူမိတ်ဆွေအားလုံးက မယုံကြည်နိုင်လောက်အောင်ကို ဖြစ်ခဲ့ကြရပါတယ်။ မရွှေရည်သိန်းတန်တစ်ယောက် ဘယ်လောက်တောင်ဝမ်းနည်းကြေကွဲနေမလည်း။ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။ ကိုနေလကောင်းရာ မွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူပါတော့နော် RIP ပါ… 😥😥😥။ ပရီတ်သတ်ကြီးကလည်း မရွှေရည်သိန်းတန် အတွက်အားပေးစကားလေးပြောပေးပါ အုံး။ ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit း Celebrity Platforms