


Credit ; CeleZone

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး သဇင်ထူးမြင့်ကတော့ ဒီနေ့မှာ နေ့လည်စာထမင်းဘူး အလှူလေး ပြုလုပ်လှူဒါန်းခဲ့ပါတယ်။ သဇင်ထူးမြင့်ကတော့ သုသာန်မှာ သဂြိုလ်ဖို့ စောင့်နေတဲ့သူတွေအတွက်လည်း နေ့လည်စာ ထမင်းဘူးတွေလည်း လှူဒါန်းခဲ့ပြီး အခုတစ် ခေါက်ထပ်မံပြီးတော့ ပရဟိတအသင်းတွေအတွက် လှူဒါန်းခဲ့တာပါ..။

ဒီနေ့မှာလှူဒါန်းဖို့အတွက် ပြင်ဆင်နေတုန်း အဖွားဖြစ်သူ အောက်စီဂျင်ကျပြီး ရုတ်တရတ်ဆုံးပါးသွားတဲ့ သတင်းလေးကြောင့် ဒီနေ့လှူဒါန်းတဲ့ အလှူလေးကို အဖွား ဖြစ်သူအတွက် ရည်စူးပြီး လှူဒါန်းတဲ့အလေးအဖြစ်နဲ့ ပရဟိတအသင်း (၂) သင်းကပရဟိတ သမားတွေအတွက် လှူဒါန်းသွားမှာပါတဲ့။ အခုလိုကာလမှာ အဖွားရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိတဲ့အတွက် သူတတ်နိုင်တဲ့ဘက်ကနေ ကောင်းမှုတွေပြုလုပ်ပေးတာပါတဲ့..။

သဲ တို့မိသားစုလည်း လက်ရှိကျရောက်နေတဲ့ ကပ်ဘေးဆိုးကြီးတွေကနေ ကင်းလွတ်ပြီး သဲရဲ့အဖွားလည်း ကောင်းရာဘုံဘဝကနေ သဲတို့ပြုလုပ်ပေးတဲ့ ကုသိုလ် တွေကိုရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း သဲရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီး
အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Thazin Htoo Myint