

နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အဆိုတော် တင်ဇာမော် ကတော့ အသံပါဝါကောင်းကောင်းနဲ့တေးသီချင်းများစွာကို တီဆိုထားပြီးပရိတ်သတ်တွေရဲ့အားပေးမှု ကိုအခိုင်အမာရရှိထားတဲ့အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ တင်ဇာမော် ကတော့တော် လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီး သူမ ရဲ့မိခင်ကြီးကျန်းမာရေးကြောင့် လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်ပေမယ့်လဲသူမတတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးပါဝင်ခဲ့ပါတယ်..။

လက်ရှိမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါတတိယလှိုင်းနဲ့ပတ်သတ်ပြီး အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်ပေါင်းများစွာဆုံးရှုံးနေရပါတယ်၊ အလှူရှင်များကလဲ တတ်နိုင်တဲ့ဘက်ကနေပရဟိတလုပ်ငန်းအသင်းသားများနဲ့ ပူးပေါင်းပြီးအလှူငွေများထည့် ကာအောက်ဆီဂျင်ရရှိဖို့ကြိုးစားပေးနေကြပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေထဲမှာ တင်ဇာမော်တို့သားအမိပါဝင်တဲ့အပြင်ဇူလိုင်လ (၂၈) ရက်နေ့ည ၁၀ နာရီ ၅၀ မှာဆိုရင် တင်ဇာမော်ရဲ့မိခင်ကြီးက ဘဝတစ်ပါးသို့ကူးပြောင်း သွားခဲ့ပါတယ်..။

တင်ဇာမော် ကလဲ​မေမေ‌ရေမေမေ့ကို သမီးသန့်ရှင်းရေးလုပ်ပေးမယ်နော်၊ ဟယ်သမီးကမေမေ့ ဒီနားလေးကနေထွက်လာတာနော် ၊ဟုတ်တယ်မို့လားမေမေ ၊ခုတောမေမေကသမီးရဲ့ကလေးလေးနော်ပိုးလေးလိုမွေးထားရတာနော်၊အားတင်း ထားပေးနော်မေမေ၊ တစ်ကယ်တမ်းလက်တွေ့မှာ မေမေအရမ်းပင်ပန်းလှပါပြီ။ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဆရာ ၊ဆရာမတွေ ၊အတတ်နိုင်ဆုံးကူညီပေး အားပေး ခဲ့ကြတဲ့ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ပရိသတ်များအားလုံးကို ကျေးဇူး တင်ပါတယ်ရှင် ၊မေမေကောင်းရာဘုံဘဝမှာအေးငြိမ်းချမ်းသာပါစေ လို့ပြောထားတာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့
နေ့လေးတစ်နေ့ကို ပိ်ုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit