


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ Myanmar Idol ပြိုင်ပွဲဝင် ဇော်မင်းဦး ကိုတော့ ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ ဇော်မင်းဦးကတော့ Myanmar Idol Season (1) မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Myanmar Idol ပြိုင်ပွဲကြီးရဲ့( Season 1 ) ပြိုင်ပွဲဝင် ဇော်မင်းဦး ကတစ်ယောက် မသေဆုံးခင်ယခင်က မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့တာကြောင့် ပရိသတ်တွေသို့လောသို့လောဖြစ်နေရပါသေးတယ်..။

ဇော်မင်းဦး ဟာ Myanmar Idol (season 1) တုန်းက အကောင်းဆုံးယဉ်ပြိုင်ခဲ့ပြီး ပရိသတ်အားပေးမှုရခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ winner မဖြစ်ခဲ့ပေမယ့် အိမ်ပြန်လမ်းမှာ ပရိသတ်အားပေးမှုကိုတခဲနက်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ Myanmar Idol မှ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့ အဆိုတော် ဇော်မင်းဦး ယနေ့ July (29) ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းကို တေးသံရှင် စောလားထော်ဝါးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝမ်းနည်းကြောင်း ယခုလို ရေးသားဖော်ပြခဲ့ပါတယ်..။

Myanmar Idol Season 1 ရဲ့ Top 5 ဆုရှင် ဇော်မင်းဦးဟာ ပြိုင်ပွဲပြီးတဲ့ တနှစ်အကြာမှာ “ ကိုယ်ကျင့်တရား ” လို့ အမည်ပေးထားတဲ့ တကိုယ်တော်အခွေ ဟာ ထွက်ရှိခဲ့ပါသေးတယ်။ Myanmar Idol တွင်လည်း ရော့ခ်ဂီတနဲ့ ပရိသတ်အားပေးမှုရခဲ့တဲ့ ဇော်မင်းဦးဟာ “ ကိုယ်ကျင့်တရား ”လို့ အမည် ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော်တေးစီးရီးမှာလည်း ရော့ခ်သီချင်းအများစု ပါဝင်ထားခဲ့တယ်လို့ သိရပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေသီဆိုနိုင်ခဲ့တဲ့ ဇော်မင်းဦး တစ်ယောက်ကောင်းရာဘုံဘဝရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့
ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit