


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန် ကတော့ေ ဖဖော်ဝါရီလကတည်းကစတင်ခဲ့တဲ့ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူ အမှန်တရား ဘက်ကပါဝင်ပြီးလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ခဲ့ရတဲ့ အတွက်ကြောင့်ပုဒ်မ ၅၀၅ (က) နဲ့မတရားအမှုဖွင့်ထား ခြင်းခံရတာကြောင့်ဘေးလွှတ်ရာကိုတိမ်းရှောင်ရင်း နေမကောင်းလို့အိမ်ပြန်နားနေတာကြောင့် နေအိမ်မှာပဲအဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်..။

ပိုင်တံခွန် အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ပြည်သူများနဲ့ မိသားစုဝင်များက ပါစိုးရိမ်းပူပန်နေရပါတယ်။ ပိုင်တံခွန် ရဲ့အမေကလဲသူဖမ်းဆီးခံရတာကြောင့် နေမ ကောင်းဖြစ်ကာဆေးခန်းပြရတဲ့အထိကိုဖြစ်ပေါ်ခဲ့ပါတယ်။ မကြာသေးမီကလဲ ပိုင်တံခွန် ရဲ့အမဖြစ်သူကိုပိုင်တံခွန်နေကောင်းကျန်းမာနေကြောင်း ၊မိသားစုနဲ ့ပရိတ် သတ်များကိုလွမ်းနေကြောင်းသတင်းစကားပါးလိုက်ပါသေးတယ်..။

ဒီနေ့ဇူလိုင်လ (၂၉) ရက်နေ့မှာဆိုရင်လဲ ပိုင်တံခွန်ရဲ့ မိခင်ကြီးအရေးတကြီးဆေးဆိုအပ်နေကြောင်းကို အမဖြစ်သူကမေမေ့အတွက် ဒီဆေးအရေးပေါ်လိုအပ်နေ လို့ပါ၊ဝယ်လို့ရတဲ့ဆိုင်ဖြစ်ဖြစ် ၊ဝယ်သိမ်းထားတဲ့သူရှိရင်ဖြစ်ဖြစ် ညွှန်ပြပေးပါဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာ
ယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit