ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ အႏုပညာေလာကမွာ အဆိုေတာ္တစ္ေယာက္ျဖစ္သလို ေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္တဲ့ နန္းသူဇာကေတာ့ မိသားဝင္ေတြ ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့အတြက္ စိုးရိမ္ေသာကေတြနဲ႔ စိတ္ပူပန္ေနရပါတယ္။ positive ျဖစ္ေနတဲ့ မိခင္ျဖစ္သူကို ကိုယ္တိုင္ျပဳစုေစာင့္ ေရွာက္ေနရၿပီး ထပ္ကူးမွာစိုးလို႔ ဖခင္နဲ႔ေမာင္ေလးကိုခြဲထားေပမယ့္ ေမာင္ေလးကပါ ေနမေကာင္းျဖစ္ေနတာေၾကာင့္ သြားေခၚရင္း လမ္းမွာ ကားေဘးတစ္ျခမ္းလုံး ေၾကမြသြားေအာင္ ကားျဖတ္တိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္..။

ကားတိုက္မႈေၾကာင့္ ေက်ာ္ထြဋ္ေဆြ ကေတာ့ ခ်က္ခ်င္းလိုက္သြားခဲ့ၿပီး ပူပန္မႈေတြေၾကာင့္ face shield ေအာက္က မ်က္ရည္ေလးေတြနဲ႔ ဝမ္းနည္းအားငယ္ေန တဲ့ ခ်စ္သူေလးရဲ့အၾကည့္ကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္လို႔ ေနပါတယ္။ နန္းသူဇာ ကခါးပတ္ပတ္ထားလို႔ ႀကီးႀကီးမားမား မထိခိုက္သြားေပမယ့္ ပုခုံးလည္သြားၿပီး ေယာင္ေနတယ္ဆိုၿပီးေတာ့လည္း ေျပာျပထားသလို အိမ္ထဲထိဝင္ၿပီး မကူနိုင္ခဲ့တဲ့အတြက္လည္း ေက်ာ္ထြဋ္ေဆြက စိတ္မေကာင္းျဖစ္ေနတာပါ..။

“ သူ႔အေမ positive ျဖစ္လို႔ အိမ္က်ဥ္းေလးထဲမွာ ျပဳစုဖို႔ခက္မယ္ဆိုၿပီးေမာင္ေလးနဲ႔သူ႔အေဖကို တစ္ျခားပို႔ထားတာ။ မေန႔ကသူ႔ေမာင္ေလးပါဖ်ားေရာ။ အဲ့တာနဲ႔ ဒီေန႔ သူကိုယ္တိုင္ပဲဝတ္စုံျပည့္နဲ႔ သူ႔ေမာင္ေလးကို အိမ္ကိုသြားျပန္ေခၚလာခဲ့တာလမ္းမွာကားေဘးတစ္ျခမ္းကိုျဖတ္တိုက္ခံရတယ္။ ကၽြန္ေတာ္လည္း ခ်က္ခ်င္းလိုက္ သြားရတယ္။ ဘယ္ေလာက္ေတာင္ pressure ေတြပိထားလည္းမသိဘူး။ သူ႔ face shield ေအာက္က မ်က္ရည္ေလးေတြ နဲ႔ အၾကည့္ကို အခုထိ ျမင္ ေယာင္တုန္းပဲ..။

😔😔 လူက ခါးပါတ္ပါတ္ထားလို႔ ဘာမွ မျဖစ္သြားဘူးဆိုေပမယ့္ ပုခုံးေတာ့နဲနဲလည္သြားတယ္ထင္တယ္။ ေယာင္ေနတယ္။ ကားကေတာ့ တစ္ျခမ္းနီးပါးေၾက သြားတယ္။ ကၽြန္ေတာ္လည္း အခု အိမ္မွာ လူႀကီးေတြေရာ ကေလးေတြေရာ ရွိလို႔ isolation လုပ္ရပါၿပီ။ သဲေလးေရ… အဆိုးေတြ ႀကိမ္းေၾကသြားတယ္ပဲ မွတ္လိုက္ပါ။ you are stronger than me. 💪🏾🙏🏻😔 I hate this July. 😔.. ” ဟုဆိုၿပီး စိတ္မေကာင္းစြာ ေျပာျပထားတာ ျဖစ္ပါ တယ္။ မိသားစုက်န္းမာေရးအတြက္ ပူပန္ေနရွာတဲ့ ခ်စ္သူေလးရဲ့ လတ္တေလာအေျခအေနေတြကို ေျပာျပထားတာျဖစ္ၿပီး ပရိသတ္ေတြကလည္း နန္းသူဇာအတြက္ ဆုေတာင္းအားေပးထားၾကတာ ေတြ႕ရပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္
ေကာင္းေတာင္းပေးလိုက္ပါတယ္ေနာ္..။

SOurce: Kyaw Hyut Swe’s Fb Acc

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အဆိုတော်တစ်ယောက်ဖြစ်သလို မော်ဒယ်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ နန်းသူဇာကတော့ မိသားဝင်တွေ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့အတွက် စိုးရိမ်သောကတွေနဲ့ စိတ်ပူပန်နေရပါတယ်။ positive ဖြစ်နေတဲ့ မိခင်ဖြစ်သူကို ကိုယ်တိုင်ပြုစုစောင့် ရှောက်နေရပြီး ထပ်ကူးမှာစိုးလို့ ဖခင်နဲ့မောင်လေးကိုခွဲထားပေမယ့် မောင်လေးကပါ နေမကောင်းဖြစ်နေတာကြောင့် သွားခေါ်ရင်း လမ်းမှာ ကားဘေးတစ်ခြမ်းလုံး ကြေမွသွားအောင် ကားဖြတ်တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်..။

ကားတိုက်မှုကြောင့် ကျော်ထွဋ်ဆွေ ကတော့ ချက်ချင်းလိုက်သွားခဲ့ပြီး ပူပန်မှုတွေကြောင့် face shield အောက်က မျက်ရည်လေးတွေနဲ့ ဝမ်းနည်းအားငယ်နေ တဲ့ ချစ်သူလေးရဲ့အကြည့်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်လို့ နေပါတယ်။ နန်းသူဇာ ကခါးပတ်ပတ်ထားလို့ ကြီးကြီးမားမား မထိခိုက်သွားပေမယ့် ပုခုံးလည်သွားပြီး ယောင်နေတယ်ဆိုပြီးတော့လည်း ပြောပြထားသလို အိမ်ထဲထိဝင်ပြီး မကူနိုင်ခဲ့တဲ့အတွက်လည်း ကျော်ထွဋ်ဆွေက စိတ်မကောင်းဖြစ်နေတာပါ..။

“ သူ့အမေ positive ဖြစ်လို့ အိမ်ကျဉ်းလေးထဲမှာ ပြုစုဖို့ခက်မယ်ဆိုပြီးမောင်လေးနဲ့သူ့အဖေကို တစ်ခြားပို့ထားတာ။ မနေ့ကသူ့မောင်လေးပါဖျားရော။ အဲ့တာနဲ့ ဒီနေ့ သူကိုယ်တိုင်ပဲဝတ်စုံပြည့်နဲ့ သူ့မောင်လေးကို အိမ်ကိုသွားပြန်ခေါ်လာခဲ့တာလမ်းမှာကားဘေးတစ်ခြမ်းကိုဖြတ်တိုက်ခံရတယ်။ ကျွန်တော်လည်း ချက်ချင်းလိုက် သွားရတယ်။ ဘယ်လောက်တောင် pressure တွေပိထားလည်းမသိဘူး။ သူ့ face shield အောက်က မျက်ရည်လေးတွေ နဲ့ အကြည့်ကို အခုထိ မြင် ယောင်တုန်းပဲ..။

😔😔 လူက ခါးပါတ်ပါတ်ထားလို့ ဘာမှ မဖြစ်သွားဘူးဆိုပေမယ့် ပုခုံးတော့နဲနဲလည်သွားတယ်ထင်တယ်။ ယောင်နေတယ်။ ကားကတော့ တစ်ခြမ်းနီးပါးကြေ သွားတယ်။ ကျွန်တော်လည်း အခု အိမ်မှာ လူကြီးတွေရော ကလေးတွေရော ရှိလို့ isolation လုပ်ရပါပြီ။ သဲလေးရေ… အဆိုးတွေ ကြိမ်းကြေသွားတယ်ပဲ မှတ်လိုက်ပါ။ you are stronger than me. 💪🏾🙏🏻😔 I hate this July. 😔.. ” ဟုဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါ တယ်။ မိသားစုကျန်းမာရေးအတွက် ပူပန်နေရှာတဲ့ ချစ်သူလေးရဲ့ လတ်တလောအခြေအနေတွေကို ပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း နန်းသူဇာအတွက် ဆုတောင်းအားပေးထားကြတာ တွေ့ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်
ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; MMLoad