


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပိုင်ဖြိုးသု ကပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံး သရုပ်ဆောင်နိုင်တာ ကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသု ကဒါရိုက်တာဏကြီးနဲ့လက်ထက်ထိမ်းမြားထားပြီး တော့သာယာပြီးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်..။

ပိုင်ဖြိုးသု ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့မတရားအ မှုဖွင့်ခံရထားပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲ လူမှူကွန်ယက်ကနေပြည်သူများအတွက် ခွန်အားဖြစ်စေမယ့်စာ သားတွေကိုရေးသားဖော်ပြလေ့ရှိပါတယ်..။

တိမ်းရှောင်နေရတာကြောင့်မိခင်ဖြစ်သူက ပိုင်ဖြိုးသု ကိုလွမ်းတဲ့အကြောင်းလေးကိုအခုလိုပြောကြားလာပါတယ်။ လွမ်းလိုက်တာသမီးလေးရယ် ဆိုပြီးတော့သူမရဲ့ လူမှုကွန်ရက်ထက်မှာရေးသားဖော်ပြထားပါတယ်။ ပိုင်ဖြိုးသု တို့မိသားစုများသာမကခွဲခွာနေရတဲ့ မိသားစုအားလုံးလဲပြန်လည်ဆုံးဆည်းနိုင်ပြီး တော့မတရားဖမ်းဆီး ထားတဲ့သူတွေအားလုံးအမြန်ဆုံးပြန်လွှတ်ပြီး အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံး
လည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit