


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အောင်လအန်ဆန်က ၂၀၂၁ ခုနှစ်ဇူလိုင်လ ၃၀ ရက်နေ့ညမှာဆိုရင် စင်ကာပူနိုင်ငံမှာကျင်းပနေတဲ့ ကိုယ်ခံပညာဘက်စုံသုံး တိုက်ခိုက်ရေးပြိုင်ပွဲကြီးမှာ ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ် ကိုပထမအချီမှာပဲအလဲထိုးအနိုင်ရရှိခဲ့ပါတယ်။ အောင်လအန်ဆန် ကမစ်ဒယ်ဝိတ်တန်းတွဲ ဆိုင်းမှာထိုးသက်တာဖြစ်ပြီး ပထမအချီအတွင်း ၃ မိနစ်နဲ့ ၄၅ စက္ကန့်မှာအနိုင်ရလိုက်တာလဲဖြစ်ပါတယ်..။

ပြိုင်ပွဲအပြီးမှာဆိုရင်လဲ အောင်လအန်ဆန် ကမြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းဖို့အတွက်ကိုဆုတောင်းပေးခဲ့ပါသေးတယ်။ အောင်လအန်ဆန် ကတော့မြန်မာပြည် ကြီးရဲ့ပရိတ်သတ်များသာမကပဲပြည်ပက ပရိတ်သတ်များရဲ့အားပေးမှုကိုအခိုက်အမာရရှိ ထားပါသေးတယ်..။

အောင်လအန်ဆန် ရဲ့ပရိသတ်တွေကတော့သူ့ကိုချစ်တဲ့စိတ်နဲ့ အရင်ကတည်းက တက်တူးတွေထိုးခဲ့ကြပါတယ်၊ ဒီပုံကလည်းပြည်သူတစ်ဦးက အောင်လအန်ဆန် ရဲ့ပုံတူကိုတက်တူးအဖြစ်ကျော အပြည့်ထိုးထားတာကိုဒီလိုအချိန်အခါမှာ အမှတ်တရအနေနဲ့ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန် လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်နော်..။

Credit