



Credit – Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဒီရက်ပိုင်းအထိတော့ ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်နေသေးသလို ပြန်လည်ကောင်းမွန်လာသူတွေလည်းရှိနေတာ တွေ့ ရပါတယ်။ တစ်ချို့ ရောဂါဒဏ်မခံနိုင်လို့ သေဆုံးကြသူတွေလည်း ရှိနေသေးပါတယ်။ အနုပညာရှင်တွေထဲမှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေ များစွာရှိနေ တာကြောင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ..။

မနေ့ကဆိုရင်လည်း ချယ်ရီသင်း ကသူရဲ့ဖေ့ဘွတ်စာမျက်နှာကနေ တစ်ဆင့်စိတ်မကောင်းစရာ သတင်းလေးကိုဝေမျှလာပါတယ်။ ဒါကတော့ ကိုဗစ်ကြောင့်သူရဲ့ မိ သားစုဝင်တွေထဲမှာ အသက်ဆုံးရှုံးရသူတွေ များစွာရှိလာလို့ ဖြေဆည်မရဖြစ်နေကြောင်းပဲဖြစ်ပါတယ်..။

” ကိုဗစ်ကမာယာများတယ် July -19 တုန်းက အကိုဝမ်းကွဲကိုသန့်စင်ဆုံးတယ် July -29 မနေ့ကျ ကိုသန့်စင်ရဲ့အဖေ ဦးညီအေးဆုံးတယ် (သားအဖတွေ -၁၀ ရက်ပဲကွာတယ်) အခု July -30 အကိုဝမ်းကွဲ ကိုပိုက်အေးဆုံးတယ် ဒီအကိုဆို အနီးကပ်ကိုချယ်ပြုစုပေးခဲ့တာ နေ့လည်ခင်းက အထိအကောင်းဆုံး ပြုစုပေးခဲ့တယ် အောက်ဆီဂျင်တောင် -70နဲ့ 80 ကြားထိရှိတယ် သက်သာပြီဆိုပြီးမနေ့တည်းကမအိပ်ရသေးလို့ အိမ်ခနပြန်တာခနနေတော့ဆုံးပြီတဲ့ သေခြင်းတ ရားရယ် နေ့မြင်နေ့ပျောက်ကြီးပါလား..

ပြီးတော့အကို့အတွက် မရရအောင်ကူညီပေးကြတဲ့ ကို Drummer Ko Aung Refresh ကို လေးမြင့်ဝင်း ကို Kan Drummer အကိုတွေအားလုံးလည်း အစွမ်း ကုန်ကြိုးစားပေးခဲ့ပါတယ် တကယ်ကျေးဇူးအထူးတင်ပါတယ် ပြီးတော့မနက်ကအောက်ဆီဂျင်လိုလို့ကူညီပေးတဲ့ အကိုဇေယျာမင်းကိုလည်းကျေးဇူးအထူးပါ အသက် ရှင်တဲ့အချိန်မှာပျော်အောင်နေပါ အချိန်တွေနာရီတွေက ဒဏ္ဍာရီဆန်ပါတယ် ” ဟုရေးသားဖော်ပြထားရာ ဖတ်ပြီးစိတ်မကောင်းဖြစ်မိပါတယ်။ ပရိသတ်ကြီး အ တွက် ချယ်ရီသင်းမိသားစုရဲ့ သတင်းလေးကို ပြန်လည်ဖော်ပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို
ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Cherry Thin