


Credit ; CeleZone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မော်လ်ဒယ် သရုပ်ဆောင် လင်းအောင်ခေတ် ရဲ့ဖခင်ကြီးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀)ရက်နေ့ က ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီသတင်းဆိုးလေးကြောင့် လည်း လင်းအောင်ခေတ်ရဲ့ ပရိသတ် တွေပါ လင်အောင်ခေတ်နဲ့ ထပ်တူ စိတ်မကောင်းဖြစ်ကြေကွဲနေခဲ့ကြရပါသေးတယ်..။

လင်းအောင်ခေတ် ကတော့ ကွယ်လွန်သွားတဲ့ ဖခင်ကြီးအတွက် ရည်စူးပြီး သာသနာ့ဘောင် ကိုဝင်ရောက်သွားခဲ့ပါတယ်။ ဖခင်ကြီးအတွက် နောက်ဆုံးအနေနဲ့ သူလုပ်ပေးနိုင်တာတစ်ခုအနေနဲ့ လုပ်ပေးခဲ့တာဖြစ်ပြီး “ မနက်ဖြန်ဆိုတာ မသေချာမှန်း သိတဲ့အချိန်မှာ အဖေ အတွက် နောက်ဆုံးအနေနဲ့ ဘုန်းကြီးဝတ်ပေးခဲ့ ပါတယ်။ အဖေ ကောင်းရာဘုံမှာ သာဓုခေါ်နိုင်ပါစေ ” ဟုဆိုပြီး အခုလို သာသနာ့ဘောင်ဝင်ရောက် တာကို ဖခင်ကြီးကောင်းရာကနေသာဓုခေါ်ဆိုနိုင်ပါစေ လို့လည်း ဆုတောင်းထားခဲ့ပါသေးတယ်..။

ပရိသတ်တွေကလည်း အခုလို ဖခင်ကြီးအတွက် သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ လင်းအောင်ခေတ် ရဲ့လုပ်ရပ်လေးကိုတော့ ချီးကျူးပြီး သာဓုခေါ်ဆိုပေးနေခဲ့ ကြပါသေးတယ်။ ပရိသတ်ကြီးရေ လင်းအောင်ခေတ်ရဲ့ ဖခင်ကြီးအတွက် ရည်စူးပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ စိတ်ကူးလေးကြောင့် ဖခင်ကြီးကတော့ တမလွန်ကနေ သာဓုခေါ်ဆိုကျေနပ်နေမှာတော့ အသေအချာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်
ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Lin Aung Khit