


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် မေမီကိုကိုကတော့ Facebook ပေါ်မှာ အရမ်းနာမည်ကြီးနေတဲ့ ဆရာဝန်တစ်ဦးနဲ့မေတ္တာမျှနေတာပါ။ ဆရာဝန် လေးနဲ့ ချစ်သူဖြစ်ခဲ့တာကြောင့် မနာလိုသူတွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို အကြိမ်ပေါင်းများစွာ ခံခဲ့ရပါသေးတယ်..။

ဘယ်လိုပဲ အခက်အခဲတွေ ရှိနေပါပစေ တွဲလက်မဖြုတ်ဘဲ ကြိုက်လာခဲ့ကြတာ တစ်နှစ်တောင် ပြည့်တော့မှာပါ။ မေမီရဲ့ ချစ်သူဟာ အမေရိကားနိုင်ငံတွင် နေ ထိုင်သူဖြစ်တာကြောင့် အပြင်မှာ တစ်ခါမှမတွေ့ရသေးပါဘူး။ အနေဝေးပေမယ့် ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင် ထားကြတာ အားကျစရာပါပဲ..။

မေမီတစ်ယောက် ပညာရေးမှာ ထူးချွန်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီး ဒီနေ့မှာလည်း ဆေးရုံတွင် ရာထူးတိုးသွားတဲ့ကောင်လေးအတွက် ဂုဏ်ယူနေခဲ့ပါတယ်။ ကဲ ပရိသတ်ကြီးလည်း အရည်အချင်းရှိတဲ့ ချစ်သူကြောင့် ပျော်ရွှင်နေရတဲ့ မေမီအတွက် ကြည်နူးစေမယ့် စကားလေးတွေ ပြောပေးသွားကြပါဦး။ဖတ်ရှူ့ပေးကြတဲ့ပရိတ်
သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit