


credit

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဝါရင့်လူရွှငါတော်ကြီး ဦးမေတ္တာ ကတော့ ဒီနေ့ သြဂုတ်လ (၂)ရက်နေ့မှာ ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့ကြောင်း သိရှိရ ပါတယ်။ ဦးမေတ္တာကတော့ လူရွှင်တော်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင် အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သူတစ်ယောက် ပါ…။

အခုလို ပရိသတ်တွေအားလုံးက ချစ်ခင်ရပြီး ဝါရင့် အနုပညာရှင်တစ်ယောက် ကွယ်လွန်သွားတဲ့ သတင်းဆိုးကြောင့် ဦးမေတ္တာရဲ့ မိသားစုတွေကသာမက ပရိသတ်တွေရော အနုပညာရှင်တွေကပါ ထပ်တူစိတ်မကောင်းဖြစ်ရတာကတော့ အသေ အချာပါပဲ။ ပရိသတ်တွေအပေါ်အနုပညာမှာ အရည်သွေးပြည့်ဝစွာနဲ့ ဖျော်ဖြေပေးခဲ့တဲ့ ဦးမေတ္တာ တစ်ယောက် ကောင်းရာဘုံဘဝရောက်ရှိပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…။

ဦးမေတ္တာ ကို ချစ်ခင်တဲ့ ပရိသတ်တွေ အတွက် ဒီသတင်းကို စိတ်မကောင်းစွာနဲ့ပဲ မျှဝေဖော်ပြလိုက်ရပါတယ်။ ဦးမေတ္တာတစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့နဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် ခွန်အားပေးစကားလေးတွေပြောခဲ့ပေးပါဦးနော်…။

Source – Myittae Myint Myat Hein
credit