

တယ်နော်..။

Credit ; Cele Zone

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ နှစ်ပေါင်းများစွ ာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်။ ညီနန္ဒကတော့ (၅၀၅ -က )နဲ့ အမှုဖွင့် အရေးယူခံထားရတာကြောင့် မိသားစုနဲ့ ခွဲခွာနေနေရတာလည်းဖြစ် ပါတယ်..။

မကြာခင်ရက်ပိုင်းက ဖခင်ဖြစ်သူ ကိုဗစ်ကူးစက်ခံထားရကာ အတော်လေး ရောဂါဝေဒနာ ခံစားပြီး ကွယ်လွန်သွားတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ကတော့ ဖခင်ဖြစ်သူရဲ့ ရက်လည်နေ့ဖြစ်တယ်လို့လည်း သိရပါတယ်။ ဖခင် ရက်လည်နေ့မှာ ထောပတ် ထမင်း များကို လှူဒါန်းခဲ့တယ်လို့ သူရဲ့အကောင့်လေးမှာရေးသား ဖော်ပြထားပါတယ်..။

အလှူနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ အဖေ့ရက်လည်အလှူအတွက် အဖေအရမ်းကြိုက်တဲ့ “ ကိုနန္ဒ ထောပတ်ထမင်း ” ရဲ့ မျိုးဆက် “ စနိုးဦး ထောပတ်ထ မင်း ” ပွဲ ၂၅၀ ကို ဘုန်းကြီးကျောင်းနေ့ဆွမ်း, အဖေ့မိတ်ဆွေအိမ်များ, အဖေအမောဖောက်နေချိန် မှာ စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်များ, ကိုဝေဠုကျော် ဖောင်ဒေးရှင်း, ဒီရက်ပိုင်း စိတ်ရောကိုယ်ပါပင်ပန်းနေကြတဲ့ ပရဟိတအဖွဲ့များ, အဖေ့ခန္ဓာကိုယ် မီးသဂြိုလ်ခဲ့တဲ့ ကြည်စု သုသာန် မှ ပရဟိတဝန်ထမ်းများသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်…သားတို့ပြုသမျှကုသိုလ်တွေကို ထပ်တူရပြီး ငြိမ်းချမ်းစွာအနားယူပါ အဖေ ” လို့ရေးသာစဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ
တယ်နော်..။

Photo – Nyi Nanda