


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် နေဒွေး ဟာ အမေတစ်ခု သားတစ်ခု ဘဝဖြစ်တဲ့အတွက် သူ့မေမေကို လိုလေသေးမရှိအောင်ထားပေးနေ သူပါ။ မေမေမကြိုက်တာ ဘာတစ်ခုမှမလုပ်တဲ့သားလိမ္မာလေးဖြစ်အောင် နေထိုင်နေသူပါ..။

ရှာဖွေသမျှ ပိုက်ဆံတွေကိုလည်း မိခင်ကိုသာ အပ်လေ့ရှိပြီး ဝယ်ချင်တာရှိမှသာ တောင်းသုံးလေ့ရှိသူပါ။ အခုမှာတော့ ချစ်မေမေ မုန့်ဖိုးပေးတာကို ဖောက်သည်ချ လာပါပြီ။ ရွှေဖြူတွေ ဝယ်နေတဲ့ မေမေ့ကို သူ့အတွက် ဝယ်ပေးဖို့ တောင်းဆိုပေမယ့် မဝယ်ပေးတာကြောင့် ငွေတစ်သောင်း မုန့်ဖိုးပေး လိုက်တာကြောင့် story တင်ပြီး ပြောပြခဲ့တာပါ..။

” ငါ့သားလေးက အသားညိုတော့ ရွှေဖြူနဲ့ မလိုက်ဘူးတဲ့ ရော့တစ်သောင်းယူ စားချင်တာ ဝယ်စားတဲ့ အလုပ်မရှိတဲ့ဘဝကဆိုးပါ့ ” လို့ သူ့အခြေအနေကို ပြောပြလာတာပါ။ သားအမိနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တဲ့ ဘဝလေးက သိပ်ကို သာယာလှပါတယ်။ နေဒွေးကို ရည်းစားဟောင်းနဲ့ ပြသနာတက်တဲ့ ကိစ္စနဲ့ လူမုန်းများခဲ့ပေမယ့် အကြောင်းစုံသိရတဲ့နောက်ပိုင်းမှာ ပရိသတ်တွေ အကုန်လုံး ပြန်ကြည်ဖြူလာကြပါပြီ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit