


unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့အမိုက်စားခန္ဓာကိုယ်တဲ့အတူအပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင် တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသမီးချောပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကတော့ပရ ဟိတလုပ်ငန်းတွေမှာလဲအနုပညာရှင် ညီအစ်ကိုမောင်နှမများနဲ့ပူးပေါင်းပြီး တက်တက်ကြွကြွပါဝင်ကူညီလှူဒါန်းပေးတတ်ပါသေးတယ်။ စိတ်ထားကောင်းတဲ့ သင်ဇာ ဝင့်ကျော် ကအလှူအတန်းတွေမှာလဲရက်ရက်ရောရောရှိသူတစ်ယောက်လဲဖြစ်ပါတယ်..။

သင်ဇာဝင့်ကျော် ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ခဲ့ပြီး လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်လှုပ်ရှား ခဲ့ပါတယ်။ အာ့ဒီအချိန်မှာ သင်ဇာဝင့်ကျော် ပြောကြားထားတဲ့စကားလုံးများက ပရိတ်သတ်များရဲ့ရင်ထဲကိုထိစေခဲ့တာတော့ အမှန်ပါပဲ အခုတစ်ခါမှာဆိုရင်လဲ သင်ဇာဝင့်ကျော် ကမကောင်းမှုလုပ်နေတဲ့သူတွေကိုအပြတ်ပြောပြလိုက်တာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကအလိမ်ခံရလည်းပြုံးနေတယ် ၊အစော်ကားခံရ လည်းပြုံးနေတယ် ၊ယုတ်မာတာခံရလည်းပြုံးနေတယ် ၊အရမ်းကြီးသဘောထားကြီးလို့တော့မဟုတ်ပါဘူး၊

ဝဋ်ဆိုတာကတုန့်ပြန်တဲ့အခါပိုပြီးတိကျတယ် ၊ပြတ်သားတယ်၊မျက်နှာမလိုက်ဘူး ၊တောင်းပန်လို့မရဘူး ၊ငွေပေးလို့လည်းမရဘူး။ ကိုယ်လုပ်သမျှမကောင်းမှုတွေကို တစ်ချိန်ချိန်မှာထပ်တူပြန်ရတာကို ဝဋ်လည်တယ်လို့ခေါ်ပါတယ် ၊ငါတော့မကောင်းတာအကုန်လုပ်တယ် ၊ငါအမြဲနိုင်နေတယ်ဆိုပြီးမာန်တက်မနေပါနဲ့ ၊သက်ရောက်မှု တိုင်းမှာတန်ပြန်သက်ရောက်မှုဆိုတာရှိပါတယ်။ ကိုယ်ကြိုက်တာကိုယ်လုပ်ကိုယ်ဖြစ်ကိုယ်ခံဆိုသလို သူကြိုက်တာသူလုပ်သူဖြစ်သူခံ ပါလိမ့်မယ်ဆိုပြီးတော့သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ စာဖတ်ပရိတ်သတ်ကြီးများအတွက် ကိုပြန်လည်ကူးယူမျှဝေတင်ဆက်ပေးလိုက် ရခြင်းပဲ ဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..

Credit